spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွေမှာ ပုံမှန်အလှူရှင်မရှိတဲ့အတွက် စားနပ်ရိက္ခာအကြပ်အတည်းရှိနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူအများစု ဟာ အလှူရှင်ထောက်ပံ့မှုကိုအားထားနေရပြီး ထောက်ပံ့မှုပြတ်သွားရင်တော့ စားနပ်ရိက္ခာအကြပ်အတည်းကြုံတွေ့နေရပါတယ်။

တချို့သော စစ်ဘေးရှောင်တွေဟာ တောထဲတောင်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြရတာဖြစ်ပြီး ပိုမိုခက်ခဲကြပါတယ်။

“ပုံမှန်ဝင်ငွေမရှိတဲ့အတွက်ကြောင့်မလို့ အခုကလည်း ပုံမှန်စီးပွားရေးလုပ်နိုင်တဲ့အနေအထား မရှိတဲ့အတွက် IDPsစခန်းမှာဖြစ်စေ IDP မဟုတ်ဘဲနဲ့ တချို့ရွာမှာလည်း စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့မှ အကြပ်အတည်းပိုရှိလာတယ်။ ကျနော်တို့မျှော်လင့်တာကတော့ နောက်ထပ်အလွန်ဆုံး တစ်လနှစ်လဆိုရင်တော့ ဒီဟာကို အမြန်ဆုံး စားနပ်ရိက္ခာထပ်ဖြည့်ဆည်းပေးနိုင်မှသာလျှင် ဖူလုံနိုင်ချေရှိတာပေါ့ မဟုတ်ဘူးဆိုရင် စားနပ်ရိက္ခာအကြပ်အတည်းနဲ့ရင်ဆိုင်နိုင်တဲ့ အခြေအနေရှိနိုင်တယ်ဆိုတာ ခန့်မှန်းထားပါတယ်။” လို့ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) မှ Humanitarian Focal ဦးဗညားက ထောက်ပြပြောဆိုပါတယ်။

စားနပ် ရိတ္ခာ အတွက် တိုက်ပွဲမဖြစ်တဲ့ရက်တွေမှာ တချို့သော စစ်ရှောင်တွေဟာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို ပြန်လည်ရိတ်သိမ်းခွင့်ရသူတွေရှိသလို၊ မူလကတည်းက စိုက်ပျိုးဖို့အခွင့်မသာခဲ့သူတွေလည်းရှိခဲ့ပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်က ဒေသခံအများစုကတော့ ဒီနှစ်မှာ စပါးမစိုက်ပျိုးနိုင်တော့သလို လက်ရှိမှာလည်း နီးစပ်ရာဆွေမျိုး သို့မဟုတ် စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလုံနေထိုင်ကြရတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ရှိကြပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ တိုက်ပွဲကြောင့် နေအိမ်စွန့်ထွက်ပြေးတိမ်းရှောင်တာ ၈လဝန်းကျင်ရှိနေပြီဖြစ်တဲ့ ဒေသခံအမျိုးသမီးက
“အခက်ခဲဆုံးကတော့ အလိုအပ်ဆုံးက ဆန်၊ ဆီ၊ ဆားရယ်ပေါ့ အချိုမုန့် ဆပ်ပြာမုန့် အကုန်လုံးထည့်လိုက်မယ်နော အဲဒါတွေပေါ့နော။ အခု ဒီချိန်မှာတော့ အေးလာပြီကော အနွေးထည်တွေ စောင်အနွေးထည်တော့ လိုအပ်တယ်ပေါ့။ လူကြီးကော ကလေးကော အဲ့လိုဖြစ်နေတယ်ပေါ့။
ရိက္ခာကတော့ တစ်လစာတောင် မရှိတော့ဘူးထင်တယ်။ တစ်ပတ်နှစ်ပတ်အလွန်ဆုံးပဲပေါ့။ ဘာဖြစ်လို့လဲဆိုရင် အလှူရှင်လာမှပဲ အဒေါ်တို့ စားရတယ်ကော။ ထောက်ပံ့တဲ့သူကမရောက်နိုင်ဘူးဆိုရင်တော့ အဒေါ်တို့က ငတ်ပြတ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင်ပိုက်ဆံလည်းမရှိဘူးကော။ နောက် အမျိုးနားတောင်းမယ်ဆိုရင်လည်း အမျိုးတွေလည်း သိပ်ပြီးအဆင်မပြေကြဘူးကော။ အဲဒါကို ဘယ်လိုလုပ်ရမလဲမသိသေးဘူး အဒေါ်လည်း။”လို့ ပြောပါတယ်။

ကယား(ကရင်နီ) ပြည်နယ်မှာ မေလအတွင်းက တိုက်ပွဲစတင်ဖြစ်ပွားမှုကြောင့် ဒီးမော့ဆိုမြို့နယ်က မြို့ပေါ်နေဒေသခံတွေက ကျေးလက်တောရွာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
သူတို့ကို ၈လကြာတဲ့အထိ ပြည်တွင်းအပြင်၊ပြည်ပရောက် အလှူရှင်တွေက ထောက်ပံ့ပေးတဲ့အလှူငွေနဲ့သာ
ပံ့ပိုးထားတာဖြစ်ပါတယ်။
စက်တင်ဘာနောက်ပိုင်းမှာတော့ INGO အဖွဲ့အစည်းကနေတဆင့် စစ်ဘေးရှောင်ပြည်သူအတွက် ပံ့ပိုးမှုရှိလာတယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံတကာရောက်သူဆီကနေ ယခင်ကလို ထောက်ပံ့မှုအားနည်းနေတဲ့အတွက် ရေရှည်မှာ UN Agency ကနေတဆင့် Humanitarian (လူသားအကျိုးဆောင်ရွက်သူ) အပိုင်းကို ပိုလုပ်ပေးနိုင်မှသာ အခက်အခဲကို ကျော်လွှားနိုင်မယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“ကျနော်အနေနဲ့တောင်းဆိုချင်တာပေါ့နော နံပါတ်တစ်ကတော့ UN Agency တွေပေါ့နော WFC တို့ UNICEF တို့ UNHCR တို့ ICRC တို့ပေါ့နော။ သူတို့အနေနဲ့ IDPs တွေနဲ့ပတ်သက်ပြီးတော့မှ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့မှ သူတို့မှ Mandate ရှိတယ်။ သူတို့တွေလည်း လူသားချင်းစာနာထောက်ထားမှုအတွက် တကယ့်လိုအပ်တဲ့ စားနပ်ရိက္ခာအပြင် သူတို့ခေါ်တဲ့ protection အကာအကွယ်ပေးမှုတွေမှာ UN ရဲ့ Mandate ဖြစ်တယ်ပေါ့နော။
ဒီဟာကိုထဲထဲဝင်ဝင် မာမာထန်ထန်နဲ့စစ်ကောင်စီကိုပြောဖို့လိုအပ်တယ်။ အဓိက လူထုတွေရဲ့စားဝတ်နေရေးနဲ့ အသက်လုံခြုံရေးအတွက်ပေါ့ သူတို့မှာတာဝန်ရှိတဲ့အတွက်ကြောင့်မလို့ UN Agency တွေကို အခုလုပ်နေတဲ့ process ထက် မြန်မြန်ဆန်ဆန်နဲ့ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့အတွက် လိုအပ်တယ်လို့ပြောလို့ရတယ်။ အဲ့လိုမျိုးမလုပ်ဘဲနဲ့ အခုလိုမျိုးပုံစံအတိုင်းပဲ တဖြေးဖြေးနဲ့သွားရင် ပြည်သူလူထုအတွက် ထိခိုက်နစ်နာတယ် IDP တွေအတွက်က အသက်အန္တာရာယ်စိုးရိမ်နိုင်တယ်ပေါ့နော။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

သွားလာရေးခက်ခဲမှုတွေရှိတဲ့ ကြားကနေ စစ်ဘေးရှောင်ကူညီသူတွေက စစ်ရှောင်စခန်းအတွက် ကူညီဆောင်ရွက်နေကြတာပါ။
လက်ရှိမှာလည်း စစ်ဘေးရှောင်စခန်းတွေမှာ အဓိက စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်ဆဲဖြစ်သလို ဆောင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် အနွေးထည်၊ စောင် မရှိမဖြစ်လိုအပ်နေပါတယ်။

ဒီရက်ပိုင်းမှာ နေအိမ်ပြန် ပစ္စည်းယူလို့ရတယ်ဆိုတဲ့သတင်းကြောင့် ဒီးမော့ဆိုမြို့ စစ်ဘေးရှောင်ပြည်သူတွေက မိမိတို့အိမ်မှာ လိုအပ်တဲ့ပစ္စည်းကို ပြန်လာယူကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts