spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေအတွက် စိတ်ဓာတ်မြင့်တင်ရေးသင်တန်းကို ပြုလုပ်ပေးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ရှိတဲ့ စစ်ရှောင်အမျိုးသမီးတွေအတွက် စိတ်ဓာတ်မြင့်တင်ရေးသင်တန်းကို ငြိမ်းချမ်းမေတ္တာ အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ဒေသတွင်း ထိတွေ့တိုက်ပွဲတွေအပြင် စစ်ရှောင်ကာလကြာမြှင့်လာတာကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

” ဒီခေတ် ဒီအခါမှာ လူတွေက စိတ်ဒဏ်ရာအများကြီးရကြတယ်။ ဘာဖြစ်လို့လဲဆို စစ်ဘေးစစ်ဒဏ်သော်လည်းကောင်း၊ တခြားအခက်အခဲတွေပေါ့နော်။ ဘေးအမျိုးမျိုးကြုံတဲ့အခါမှာ ဒီ စိတ်နာကျင်မှုကနေ စိတ်ဒဏ်ရာဖြစ်တယ်။ အဲ့ဒီတော့ ဒီစိတ်ဒဏ်ရာကို ဘယ်လိုကျန်းမာအောင်လုပ်မလဲ။ လုံးဝမကျန်းမာရင်တောင်မှ ဘယ်လို သက်သာအောင်လုပ်မလဲဆိုတဲ့နည်းလမ်းကို ကျမတို့ပေးတယ်။ ကိုယ်ကိုယ်တိုင်ခံစား၊ စိတ်ဒဏ်ရာနာကျင်မှုကိုလဲ ကိုယ်ကိုယ်တိုင် သက်သာအောင်ဘယ်လိုလုပ်ရမလဲ။ အဲ့ဒီနည်းကို သိရုံမကဘူး ပတ်ဝန်းကျင်မှာ ဒီလို ခံစားရတဲ့လူကိုလည်းပဲ ဘယ်လိုကျန်းမာ သက်သာအောင် လုပ်မလဲဆိုတဲ့ နည်းလေးကိုရရှိဖို့အတွက် ကျမတို့ပေးခြင်းဖြစ်ပါတယ်” လို့ သင်တန်းပို့ချသူ ဆရာမတစ်ဦးက ဆိုပါတယ်။

စစ်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတာ၊ မိသားစုဝင် ဆုံးရှုံးခဲ့တာ၊ နေအိမ်ဆုံးရှုံးတာ၊ အထွေထွေ အသုံးစရိတ်၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို အမျိုးသမီးတွေက ပိုမိုခံစားနေရတာကြောင့် အခုလို သင်တန်းတွေ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

” ကျမတို့ဒီသင်တန်းတက်လာတဲ့အခါ စိတ်ပျော်လာတယ်။ သင်တန်းထဲမှာ သီချင်းတွေဆိုရတယ်။ ပြီးရင် စိတ်ဖိစီးတဲ့အခါမှာ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ သိလာတယ်ပေါ့နော်။ကလေးတွေစိတ်ဓာတ်ကျတဲ့အခါ သူတို့ပြောလာတဲ့အရာ သူတို့စိတ်ဖိစီးလာတဲ့အရာတွေကို ကျမတို့က သေချာနားထောင်းပြီးပြန်လည်ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းကျမသိလာတယ်” လို့ သင်တန်းတက်ရောက်တဲ့ စစ်ရှောင်အမျိုးသမီး တစ်ဦးကဆိုပါတယ်။

အဆိုပါ စိတ်ဓတ်မြင့်တင်ရေး သင်တန်းကို စစ်ရှောင်အမျိုးသမီးတွေသာမက၊ စစ်ရှောင်အမျိုးသား စုစုပေါင်း ၁၀ ဦးကျော် တက်ရောက်ခဲ့ပါတယ်။

spot_img
spot_img

Recent posts