spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်နဲ့ ရွာခံများပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ လမ်းပြုပြင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ လွိုင်နန်းဖမြို့နယ် ဆောင်လဲဒူအုပ်စုမှာ စစ်ရှောင်နဲ့ ရွာခံများပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ လမ်းပြုပြင်နေကြပါတယ်။

“ကျနော်တို့ ဒီအုပ်စုတွင်းမှာ မိုးတအားရွာရင် ရေတွေအိုင်ရင် အခက်ခဲတွေ့ရတယ်ပေါ့။ လမ်းပျက်တယ် ချိုင့်ခွက်တွေ များတယ်။ ခုကျတော့ ဆိုင်ကယ်၊ ကားတွေများလာတော့ အဆင်မပြေဘူးဆိုတော့ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှုး တာဝန်ရှိသူတွေကိုခေါ်ပြီး ကျေးရွာလူထုကို ညှိပြီးမှ ကိုယ်ထူကိုယ်ထ လုပ်သွားတယ်လို့” ဆောင်လဲဒူအုပ်စု အတွင်းရေးမှူးက ပြောပါတယ်။

လမ်းလုပ်ဖို့အတွက် လိုအပ်ချက်တွေကို IEC ထံတင်ပြထားပေမဲ့ တစုံတရာ အကြောင်းပြန်လာတာ မရှိသေးဘူးလို့လဲ သူက ဆက်ပြောပါတယ်။ ကိုယ်ထူကိုယ်ထ ပြုပြင်နေရတာဖြစ်လို့ ငွေကြေးလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“လိုအပ်တာက ပိုက်ဆံ ပြောရမှာပေါ့နော်။ ကျောက်တင်ဖို့ ကားတွေ၊ စက်တွေ ကျတော့ ဆီထည့်ပေးဖို့ ဖြတ်ပိုင်းနဲ့လုပ်တာ နှစ်ပေပါ အဲ့လောက်ပဲရတာပေါ့။ သဲဖြူးတဲ့အခါ လူအင်အားနဲ့လုပ်ခါကျတော့ အားပိုကုန်တယ်ပေါ့” လို့ ဆောင်လဲဒူအုပ်စု အတွင်းရေးမှူးက ဆိုပါတယ်။

အဆိုပါလမ်းကို ဆောင်လဲဒူ အုပ်စုအတွင်းက ကျေးရွာ (၉) ရွာ မှ စစ်ရှောင်များက ကျေးရွာအလိုက် တာဝန်ယူပြီး လူဦးရေ (၁၀၀၀)၀န်းကျင် ကိုယ်ထူကိုယ်ထ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts