spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ပြည်သူတွေ စီးနှင်တဲ့ မော်တော်ယာဉ်တစ်စီး မတော်တဆမှုဖြစ်ပွားပြီး ၃ ဦး သေဆုံး

Author

Date

Category

မော်မီမြာ ( ကန္တာရဝတီတိုင်း(မ်) )

မနေ့က (မေလ ၁၂ရက်) ရှမ်းပြည်နယ်တောင်ပိုင်း လမ်းမကြီး တစ်နေရာမှာ စစ်ရှောင်ပြည်သူ ၅ ဦး စီးနှင်လာတဲ့ မော်တော်ယာဉ်တစ်စီး ပေ (၄၀၀) နီးပါးရှိတဲ့ ချောက်ထဲကျပြီး မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

“ ကျမ အများကြီး မသိဘူး။ လမ်းသွားရင်း ကူညီတာဆိုတော့လေ။ မနက် ၈နာရီခွဲ ပတ်ဝန်းကျင်မှာဖြစ်တာ။ ရွာကတော့ မသိဘူး စစ်ရှောင်တွေပါပဲ။ အကုန်ယောင်္ကျားလေးတွေပါ၊ အရွယ်ကတော့ မမှန်းတတ်ဘူး။ “ လို့ မတော်တဆ ဖြစ်ပွားမှုမှာ ကူညီပေးခဲ့သူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပြပါတယ်။

၂ ဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၃ ဦးကို ဆေးပေးခန်းပို့ဆောင်ရာ ဆေးခန်းမှာ ၁ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ မတော်တဆ ဖြစ်ပွားမှုမှာ ကူညီပေးခဲ့သူက ဆိုပါတယ်။

ကျန် ၂ ဦး ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပြီး နောက်ဆက်တွဲ အခြေအနေ အသေးစိတ်တော့ မသိရှိရသေးပါဘူး။

သေဆုံးသွားတဲ့ သူတွေဟာ ဒီးမော့ဆိုအနီးတစ်ဝိုက် စစ်ရှောင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် စစ်ရှောင်ရင်း သေဆုံးခဲ့တဲ့ ပြည်သူ (၂၄ ) ဦးအထိ ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလ ( ၂၄ ) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts