spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ပြည်သူများ အမိုး၊အကာ၊ဆေးဝါးနဲ့ စားနပ်ရိက္ခာများ လိုအပ်နေဆဲ

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းမှုကြောင့် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာ တောထဲတောင်ထဲသို့ ထွက်ပြေးခဲ့ကြရပါတယ်။ တိမ်းရှောင်နေရသူများထဲမှ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ
မိုးရာသီဖြစ်နေတဲ့အတွက် မိုးလုံအောင် နေရဖို့က အဓိက အခက်အခဲဖြစ်တယ်လို့ သိရပါတယ်။

” တစ်ချို့ကတော့မိုးကာတော့ရှိတယ် ဒါပေမယ့်သူ့ဟာမလုံဘူး အပေါက်တွေများတယ်။ တစ်ထပ်နှစ်ထပ်ကာရတယ်ပေါ့နော် ဒါပေမယ့် မိုးတအားရွာရင်တော့ မလုံခြုံဘူး မိုးယိုတယ်ပေါ့။ တစ်ချို့ကျတော့ မိုးကာက ရှိကိုးမရှိသေးတာ။” လို့ ဒုက္ခသည်တွေကို ကူညီပေးသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သောက်သုံးရေမသန့်ရှင်းမှု၊ အဟာရချို့တဲ့မှုများကြောင့် စစ်ရှောင်ပြည်သူနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များဟာ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ယားယံတဲ့ အရေပြားရောဂါတွေလည်း ဖြစ်ပွားနေတာကြောင့် ဆေးဝါးလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

” အရေပြားကျတော့ အရေကြည်အဖုမျိုးပဲ ဒါပေမယ့် သူ့အဖုတွေက ဆက်ပွားတယ် အဲ့လိုဟာမျိုးတွေ ကြုံနေတယ်။ လောလောဆယ်တော့ ဆေးကတော့ ပါရာ တစ်မျိုးပဲ ဆောင်ထားသေးတယ်။ ဝမ်းအတွက်ကတော့ ဆေးကမရှိထားသေးဘူးဒီမှာ။” လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှောင်ပြည်သူများဟာ လက်ရှိနေရာကို လာရောင်တိမ်းရှောင်နေတာ တစ်လခန့်ရှိနေပြီ ဖြစ်ပြီး ယခုချိန်ထိ အလှုုရှင် တစ်ကြိမ်တည်းသာ လာရောက်လှုုဒန်းသေးတာကြောင့် လိုအပ်ချက်များစွာ ရှိနေပါတယ်။ အဆိုပါစစ်ရှောင်စခန်းဟာ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ ရှိပြီး လူဦးရေ ၂၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၂ ရက်နေ့မှာ ကရင်နီတပ်မတော်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ရဲ နှစ်ဖက်တိုက်ပွဲကြောင့် လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ဒေသခံပြည်သူ ရှစ်ထောင်နီးပါး တိမ်းရှောင်ရပြီး အလားတူ လိုအပ်ချက်များလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img