spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်လူဦးရေ ထပ်မံတိုးလာတာကြောင့် ရေအခက်အခဲကြုံတွေ့နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်လောက်ကစပြီး လူဦးရေ သုံးထောင်ငါးရာ ဝန်းကျင်လောက်ဟာ ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် လက်ရှိမှာ ရေရှားပါးမှုပြသာနာနဲ့ ကြုံတွေ့နေကြရပါတယ်။

ယခင်ရှိပြီးသား စစ်ရှောင်စခန်းအများစုမှာလည်း ရေကိုမျှဝေသုံးစွဲနေကြရပြီး ယခုလို စစ်ရှောင်လူဦးရေ ထပ်မံတိုးပွားလာတာကြောင့် ရေရှည်မှာ ခက်ခဲလာနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“အခုလောလောဆယ် ရှောင်တဲ့နေရာတွေ အားလုံးကို ပြန်ပြီးကြည့်လိုက်တော့ ရေတော်တော်ရှားတဲ့ရွာတွေဖြစ်တာပေါ့နော်။ ရေထွက်ပေါက်ကို တချို့ရွာတွေမှာတောင်မှ မရှိတဲ့ဟာမျိုးပေါ့။ အရင်တုန်းက စစ်ရှောင်တွေ ရက်တန်းတောင်မှ ဒါတောင်မှ အရင် တစ်လနှစ်လက ရာသီဥတုက အေးမြသေးတာပေါ့နော်။ ဒါတောင်မှ ရေက တစ်ရက်ကို တချို့ ရွာမှာဆို တစ်ရက်ကို တစ်ပုံး နှစ်ပုံးပဲပေါ့နော်။ မိသားစု အကြီးအသေးမဟုတ်ပဲနဲ့ မိသားစုအလိုက်ပေါ့နော်။ တစ်ရက်ကို နှစ်ပုံးလောက်ပဲ ခပ်ခွင့်ရှိတဲ့နေရာတွေမှာ အခုက နောက်ထပ်လူဦးရေ ထပ်တိုးလာတော့ ကျနော်ထင်တာတော့ တော်တော်လေး ခက်ခဲလာနိုင်တဲ့ အခြေအနေရှိတယ်”လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

ကျေးရွာတစ်ရွာမှာ လာရောက်စစ်ရှောင်နေတဲ့ အိမ်ခြေ ၂၀၀ ဝန်းကျင် ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကတော့ ယခင်ရှိနေပြီးသား စစ်ရှောင်တွေတောင်မှ ရေကို လုံလုံလောက်လောက် မသုံးစွဲရပဲ ရေအလှူရှင်တွေကိုသာ မျော်ကိုးနေကြရတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကြောင့် ဇန်နဝါရီလ ၂၃ ရက်လောက်ကစ စစ်ရှောင်လူဦးရေ ထပ်မံတိုးပွားလာခဲ့ပြီး ရေအလှူရှင် မလာရင်တော့ လက်ရှိ အများသုံး ရေကန်မှာ နောက်တစ်လအတွင်း ကုန်ခမ်းနိုင်တယ်လို့ ကျေးရွာတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အခုလက်ရှိ ကျနော်တို့ဒီမှာ ရေကားတွေနဲ့ ကျနော်တို့ကို လှူပေးမယ်ဆိုရင်တော့ ပြီးတဲ့အထိတော့ အဆင်ပြေမှာပေါ။ ဒါပေမယ့် မလှူပေးနိုင်ဘူးဆိုရင်တော့ နောက်လတော့ အဆင်မပြေလောက်တော့ဘူး။ အားလုံးကျနော်တို့ ဒီရေကန်ကိုပဲ သုံးနေမယ်ဆိုရင် နောက်လလောက်ဆို အဆင်မပြေတော့ဘူး။ရေက တော်တော်လေး ခမ်းသွားပြီ။ ပြီးရင် ညနေပိုင်း ရောက်ပြီဆိုရင် လူတွေက တအားလာခပ်ရင် ရေနောက်ကုန်ပြီ။ အ့လိုမျိုးတွေ ဖြစ်ကုန်ပြီ။ ဒီကန်ထဲမှာပေါ့နော်” လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည် အရှေ့ဖက်ခြမ်းမှာ စစ်ရှောင်စခန်း ၁၀ ခု ကျော်နဲ့ စာသင်ကျောင်းပေါင်း (၂၈)ကျောင်း ရှိပြီး အများစုမှာ ရေရှားပါးမှု ပြဿာနာကို ကြုံတွေ့နေကြရပါတယ်။ အလားတူ ကျေးရွာတွေမှာလည်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရပြီး ရေအလှူရှင်ကိုအားကိုးနေရပါတယ်။

spot_img
spot_img

Recent posts