spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

စားဝတ်နေရေးအတွက် လက်နက်ကြီးရန်ကြားကနေ စစ်ရှောင်တွေ နွေစပါးစိုက်ပျိုး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင်း တစ်နေရာမှာ ရေရည်စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် စစ်ရှောင်တွေဟာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြားကနေ နွေစပါးကို စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

တောတောင်တွေထဲမှာပဲ စစ်ရှောင်နေရတာဖြစ်သလို အရင်းအနှီး မရှိကြတာကြောင့် စိုက်ပျိုးရေးကို လုံလုံလောက်လောက် လုပ်ကိုင်နိုင်ခြင်း မရှိကြပါဘူး။

“ကျမတို့က စစ်ရှောင်နေရတဲ့အချိန်မှာ ကိုယ့်ခြံကိုယ့်မြေကွက် မဟုတ်တဲ့နေရာမှာ ရှောင်နေရတာမို့လို့ အသက်ရှင်ဖို့အတွက် အပင်တွေ မစိုက်စားခဲ့ရဘူး။ ပါလာတဲ့ ဆန်စပါးတွေလည်း စားရင်းနဲ့ ကုန်နေပြီပေါ့နော်။ အလှူရှင်ရဲ့ အထောက်အပံ့ကိုပဲ စောင့်နေမယ် ဆိုရင်လည်း လုံလောက်နိုင်မှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် စားရသည်ရှိအောင် ဒီနွေစပါး အနည်းအကျဥ်း ပြန်လည် စိုက်ပျိုးရတာပါ” လို့ နွေစပါးစိုက်ပျိုးတဲ့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဝမ်းစာအတွက် မဖြစ်မနေ စိုက်ပျိုးနေကြရပေမဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေကြရတယ်လို့ နွေစပါး စိုက်ပျိုးတဲ့တောင်သူတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့မှာက စစ်ကောင်စီရဲ့ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခလရ (၁၀၂)တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နွေစပါးစိုက်ပျိုးနေတဲ့ အသက် (၅၀)အရွယ် စစ်ရှောင်အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပြပါတယ်။

“သူတို့ နွေစပါး စိုက်ထားတာ ဆိုတော့ သွားပြန်ကြည့်တာပေါ့။ သူတို့ လင်မယားနှစ်ယောက်။ အဲ့ချိန်မှာ လက်နက်ကြီးက (၆)လုံးလောက်ကျလာတယ်။ တစ်လုံးက သူတို့ဆီ တည့်တည့် ကျလာတာပေါ့နော်။ သူ့အမျိုးသမီးက ထိသွားတယ်။ အသက် အန္တရာယ်ကတော့ စိုးရိမ်စရာတော့ မရှိဘူး။” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်စခန်းဆီသွားလာတဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို အလှူရှင်ကနေ လှူဒါန်းထောက်ပံ့မှုတွေလည်း လျော့နည်းလာတာကြောင့် စစ်ရှောင်တွေဟာ ရေရှည် စားဝတ်နေရေးကို စိုးရိမ်ပူပန်နေကြရပါတယ်။

spot_img

Recent posts