spot_img
Friday, March 24, 2023
spot_img

စိတ်ဒဏ်ရာကြောင့် စာစိတ်ဝင်စားမှု နည်းပါးလာတဲ့ စစ်ရှောင်ကလေးတွေကို စာရေးကိရိယာနဲ့ အဟာရမှုန့် လှုဒါန်းပေး

spot_imgspot_imgspot_imgspot_img

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာနဲ့ အဟာရမှုန့် တချို့ကို KNDF တပ်ရင်း (၉)နဲ့ (၁၀) မှ ဒီကနေ့ ဩဂုတ်လ ၂၅ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

စစ်ရှောင်ကလေးငယ်တွေဟာ စစ်ဒဏ်ကြောင့် စိတ်ဒဏ်ရာရရှိထားတဲ့အတွက် စာစိတ်ဝင်စားမှုမှာ အားနည်းတဲ့အပြင် သင်ကြာရေးပိုင်းမှာ စာရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ မလုံလောက်မှုကြောင့် အခက်အခဲရှိတယ်လို့ ဆရာမတစ်ဦးက ပြောပါတယ်။

“တချို့ကလေးတွေက စစ်ဒဏ်ကြောင့် စိတ်ဒဏ်ရာရတဲ့အခါကျတော့ စာက စိတ်ဝင်စားမှု နည်းနည်း အခက်အခဲရှိတယ်။ ပြီးတော့ သူတို့စာနဲ့ အလှမ်းဝေးတာကြာပြီဆိုခါကျတော့ ဆွဲခေါ်ဖို့ နည်းနည်း ခက်ခဲတယ်။ ပြီးတော့ ဒီရာသီဥတု ခြေနေပေါ်မူတည်ပြီး ဒီရာသီဥတု တအားပူခါကျတော့ ကျမ တစ်နေကုန်သင်လို့လည်း မဖြစ်ဘူး။ နေ့တစ်ပိုင်းနဲ့ပဲ သင်ခါကျတော့ ဒီကျောင်းတက် ပုံမှန် ခြေနေလိုမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ စာနဲ့အလှမ်းမဝေးအောင် စာနဲ့အဆက်အသွယ်ရှိအောင်ဆိုပြီး ကျမတို့ သူတို့ကို ကူညီပေးတာပေါ့နော်”လို့ စစ်ရှောင်စခန်းမှာ တာဝန်ယူ သင်ကြားပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

မူကြိုကနေ အလယ်တန်းအထိကို ကလေး ၁၀၀ ကျော်ရှိပြီး ဆရာ၊ဆရာမ အင်အား ၁၂ ယောက်နဲ့ တာဝန်ယူ သင်ကြားပေးနေတာလို့ သိရပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၉၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...