spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို တော်လှန်ရေးရဲဘော်တွေ ဘယ်လိုကျော်ဖြတ်နေကြသလဲ

ကန္တာရဝတီတိုင်း ( မ် )

၂၀၂၁ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာ ၄နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း ကြုံတွေ့ကြရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေ အကြား ရဲဘော်တချို့ဟာလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

တော်လှန်ရေးကာလ ကြာမြှင့်လာတာနဲ့အမျှ ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ဒါမှမဟုတ် စိတ်ဖိစီးမှုဒဏ်ကို တော်လှန်ရေးရဲဘော်တွေက ဘယ်လိုကျော်ဖြတ်နေလဲဆိုတာကို မေးမြန်းတင်ဆက်ထားပါတယ်။

ဒီအကြောင်းအရာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ် (၁၁၀၉)တပ်ရင်းက မိမိကိုယ့်ကိုယ်အဆုံးစီရင်ပြီး သေဆုံးသွားတယ်လို့ ယူဆရတဲ့ ရဲဘော်မောင်သာလှိုင်ရဲ့ ဈာပန ပြုလုပ်တဲ့နေ့ရက်မှာ မေးမြန်းထားတာပဲဖြစ်ပါတယ်။

ဖူးတူး ( P – 3 ( ၁၁၀၉ ) တပ်ရင်းရဲ့ ခွဲမှူး )

“ ရဲဘော်တစ်ယောက်အနေနဲ့ စိတ်ညစ်စရာရှိရင်တော့ ကျနော့်အနေနဲ့ကတော့ သူငယ်ချင်းတွေနဲ့ ကျော်ြဖတ်တယ်။ ရင်ဖွင့်စရာရှိရင်တော့ ရင်ဖွင့်မှရမယ်ဗျ။ ရင်မဖွင့်ဘူးဆိုရင် ကျနော်တို့ အဆင်မပြေဘူး။ နောက်ဆုံးကတော့ ဒီလိုမျိုး အခြေအနေမဖြစ်ဖို့လည်း ကျနော်တို့ မျှော်လင့်နေပါတယ်။”

ရဲဘော်ပိုင်ကြီး

“ အကောင်းဆုံးတော့ ကိုယ့်ကိုယ်အရင်ဆုံး အကောင်းဆုံဖြစ်အောင် ပြန်တည်ဆောက်ပြီးတော့မှ အခုလက်ရှိ မြင်တွေ့ရတဲ့ဟာက ကျနော်တို့အတွက် ခွန်အားတွေပါပဲ။ သူတို့အတွက်ပဲ ကျနော်တို့ပြန်လုပ်နေရတယ်။ နောက်ဆုံးအချိန်ထိပဲပေါ့။ ဒါတွေကတော့ ခွန်အားပဲပေါ့။”

ရဲဘော် မျိုးကြီး ( P – 3 ( ၁၁၀၉ ) ရဲ့ ခွဲမှူး )

“ကျနော်ကတော့ ဒီတိုင်း ရဲဘော်တွေနဲ့ ငါးမျှားသွားတာပဲ ဖြစ်ဖြစ် သီချင်းတွေဝိုင်းဆိုကြတာပဲဖြစ်ဖြစ် အဲ့လိုမျိုး နေတာများတာပေါ့။”

ရဲဘော် Gandama

“ကျနော့်အနေနဲ့ ဒီကာလအတွင်းမှာ လူတိုင်းမှာ ခက်ခဲကိုယ်စီရှိကြတာပဲလေ။ အကုန်လုံးကတော့ ကိုယ်စီကိုယ်စီ စိတ်ညစ်စရာတွေ ကိုယ်နည်းကိုယ့်ဟန်နဲ့ ကျော်ဖြတ်နေကြတယ်။ ကျနော်တို့လည်း အဲ့လိုမျိုးပဲ ခေတ်ကာလလည်း အဲ့လိုမျိုးပဲ ဆိုတော့ ကျနော်တို့လည်း ဒီကြားထဲမှာ ရသလောက် ပျော်အောင်နေတယ် သူငယ်ချင်းတွေနဲ့ ဂစ်တာ တီးလိုက်ကြတယ်။ ကျနော်တို့ စိတ်ညစ်စရာရှိရင် အဲ့လိုမျိုးပဲ ကျော်ြဖတ်ခဲ့ကြတယ်။”

spot_img
spot_img