spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆယ်စုနှစ်နီးပါး တောင်ယာမြေသိမ်းဆည်းခံထားခဲ့ရတဲ့ တောင်သူတွေရဲ့ အသံ

Author

Date

Category

အန်ထောနီ

ဖရူမြို့နယ်ရဲ့ အရှေ့ဖက်ခြမ်းမှာရှိတဲ့ တောင်ယာမြေတွေဟာ ဘိုးဘွားစဉ်ဆက်က ရွှေ့ပြောင်းတောင်ယာအနေနဲ့လုပ်ကိုင်စားသောက်ခဲ့ကြပြီး အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် စပါး၊ ပြောင်း၊ မြေပဲများကိုလုပ်ကိုင်စားသောက်ကြပါတယ်။

၂၀၁၀ မတိုင်ခင်အထိတော့ စားဝတ်နေရေးအဆင်ပြေပြီး သီးနှံတွေလည်းအထွက်ကောင်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလမှာ ဒေသခံပြည်သူတွေကိုအသိပေးခြင်းမရှိပဲ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေနှင့် ဖရူဆိုမြို့ပေါ်ရှိ တပ်ရင်းတွေဖြစ်ဖြစ်ကြတဲ့ အမှတ် (၅၃၁) နှင့် (၄၂၈) တို့ ရဲဘော်တွေကနေ ဒေသခံတို့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေပြင်တွေကို တိုင်းတာမှုများပြုလုပ်ခဲ့ပြီး စစ်တပ်ကနေ ကျေးရွာ ၆ ရွာရဲ့ တောင်ယာ ဧက ၃၀၀၀နီးပါးကို မြေသိမ်းခဲ့ပြီး စစ်ရေးလေ့ကျင့်ကျောင်းတည်ဆောက်ခဲ့ပါတယ်။

လောဂျာကျေးရွာ၊ မာခရော်ရှေ့၊ ဒေါတထော ၊ ခိုးရခူ ၊ ဒေါလော်ခူ၊ လော်ကုခူ ရွာတို့ပဲဖြစ်ပါတယ်။ ရွးသားတွေဖက်က ကန့်ကွက်မှုတွေ အစိုးရကိုစာတင်တာတွေပြုလုပ်ပေမယ့် စစ်အစိုးရက အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းကို မဖြစ်မနေတည်ဆောက်ခဲ့ပါတယ်။

တောင်ယာမြေသိမ်းဆည်းခံထားရတဲ့ဒေသခံတောင်သူတွေအနေနဲ့ကော အခုဆို ဆယ်စုနှစ်နီးပါးရှိခဲ့ပြီ သူတို့တွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက ဘယ်လိုတွေ ရှိနေလဲဆိုတာနဲ့ပတ်သက်လို့ မေးမြန်းထားတာတွေကို တင်ပြထားပါတယ်။

ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှ ဦးတီရယ်

ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှ ဦးတီရယ်

“မြေသိမ်းပြီးတဲ့နောက်မှာ အဓိတော့ စားဝတ်နေရေးပေါနော် တောင်ယာလုပ်ကိုင်စားသောက်ဖို့နေရာမရှိတော့ စားဝတ်နေရေးထိခိုက်တယ်။ နောက်ပြီးစီးပွားရေးလည်းထိခိုက်သွားတယ်ပေါနော်။ စီးပွားရေးကစိုက်ပျိုးရေးတောင်ယာတစ်ခုပဲရှိတယ်လေးနော် အခုတောင်ယာမရှိတော့ စီးပွားရေးဝင်ငွေလည်းလျော့နည်းသွားတယ်။ နောက်တစ်ခုက စားဝတ်နေရေးအရမ်းခက်ခဲသွားတော့ ကျနော့်ညီမလေးလည်း နိုင်ငံခြားသွားပြီးတော့ အလုပ်လုပ်တာလည်းရှိတယ် နောက်တစ်ခုက ပညာရေးကတော့ ဝင်ငွေသိပ်မရှိတော့ ကလေးတွေကိုထောက်ပံမှုလည်း အပြည့်အဝတော့မထောက်ပံနိုင်တော့ဘူး ကျောင်းပြီးတဲ့အထိမတက်နိုင်တာလည်းရှိတယ် နောက်သူတို့ပညာတတ်အောင် မြို့ထဲမှာသွားထားချင်တယ် မြို့ထဲမှာသွားထားချင်လည်း ဝင်ငွေမရှိတော့သွားမထားနိုင်တော့ဘူး အဲ့လောက်ထိအခက်အခဲတွေကြုံတွေ့နေရတယ်ပေါ။”

ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှ ဦးရှားရယ်

ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှ ဦးရှားရယ်

“အင်းကျနော့်အနေနဲ့တော့ကျနော်ဒီမြေကွက်သိမ်းပြီးနောက်ကျနော်တို့ လုပ်စား အခက်အခဲတွေအများကြီးရှိတာပေါ့နော် အရင်လိုလုပ်စားလည်းမအောင်မြင်တော့ဘူးပေါ့။ ကိုယ်ကတစ်နေ့လုပ်တစ်နေ့စားတဲ့လူကျတော့ကိုယ်ကဘယ်လိုပြောမလဲ။ ဟိုဖက်ရွေ့လိုက် ဒီဖက်ရွှေ့လိုက်ဆိုတော့ မရှိတော့ဘူးပေါ့မြေက အဲ့မျိုုးကဒီနေရာဆိုဒီနေရာတိုင်းဘဲလုပ်ခါကျတော့ မြေဆီမြေနစ်တွေမရှိတော့ဘူးလို့ဘဲပြောရမှာပေါ့။ ကျနော်တို့အတွက်လည်းတော်တော်နည်းသွား တာပေါ အဲ့တာအခက်အခဲရှိတပေါ့။”

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ်

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ်

“အဲ့ဒီကျွဲနွားနဲ့ပတ်သက်တဲ့ကိစ္စတွေလည်း ပြသာနာက တောက်လျှောက်ဖြစ်လာတာတွေရှိတယ် ။ နောက်တစ်ခုကဘာလဲဆိုရင် သူတို့အဆောက်အဦးလုပ်တဲ့နေရာပေါ့။ လွတ်တဲ့နေရာပေါနော်။ အဲ့တာတောင်ယာဝင်လုပ်စားလို့လည်းရတယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့စကားလည်း အဲ့လိုပြောထားပြီးခဲ့ပြီပေါနော်။ ဒါပေမယ့်အခုချိန်မှာကတော့ သူတို့သတ့်မှတ်ထားတဲ့မှတ်တိုင်ဧရိယာထဲမှာ ဝင်လုပ်ရင်လက်မှတ်ထိုးပေးရမယ်ဆိုတဲ့အရာမျိုးဖြစ်လာတယ်ပေါနော်။ ဒေသခံလူထုတွေကလည်း အဲ့တာတွေလည်းသူတို့အတွက်တော်တော်လေးအခက်အခဲဖြစ်နေတယ်ပေါနော။ သူတို့ကအဲ့နေရာဝင်မလုပ်ဘူးဆိုရင် သူတု့ိလုပ်စားစရာနေရာမရှိဘူ အဲ့လိုဖြစ်တဲ့အခါကျတော့ စစ်တပ်ကလည်း သူတို့ကလူမှုရေးအရ သူတို့လက်ခံပေးတယ်ဆိုတာကလည်း သူတို့အထက်အရာရှိတွေရှိတယ် ပေါ်လစီတွေရှိတယ် သူတို့လည်းဒီအတိုင်းလက်ခံလို့မရဘူးဆိုတဲ့သဘောလည်း ဖြစ်နေတာပေါ့နော ဆိုတော့ဒီနေရာမှာပြသာနာတော်တော်ဖြစ်တာပေါနော်။”

ဖရူဆိုမြို့နယ် ဒေါလောခူရွာမှ ကျေးရွာအတွင်းရေးမှူး ဦးပါးရယ်

ဖရူဆိုမြို့နယ် ဒေါလောခူရွာမှ ကျေးရွာအတွင်းရေးမှူး ဦးပါးရယ်

“စားဝတ်နေရေးကျတော့တစ်အားလျော့ကျလာတယ်ဟုတ်တယ်။ စားဝတ်နေရေးကျတော့ သိပ်မဖူလုံတော့ဘူးပေါ့။ တောင်ယာလုပ်စားရင်လည်း အဲ့ဖက်မှာပဲလုပ်စားမယ်ဆိုပိုအဆင်ပြေမယ်လို့ထင်တယ်။ နောက်အခုသူတို့လာသိမ်းလိုက်တော့ ဒီဖက်ပြန်လုပ်စားတာ သိပ်မအောင်တော့ဘူးပေါ။”

ဖရူဆိုမြို့နယ် လောဂျာကျေးရွာအုပ်ချုပ်ရေးမှူး ဦးထျရု

ဖရူဆိုမြို့နယ် လောဂျာကျေးရွာအုပ်ချုပ်ရေးမှူး ဦးထျရု

“အခုဒီနောက်ပိုင်းမှာလည်း သူတို့မဆောင်ရွက်တဲ့နေရာတွေရှိတယ်လေး သူတို့ပစ်ကွင်းနဲ့မလုပ်တဲ့နေရာတွေ သူတို့သင်တန်းနဲ့မလုပ်တဲ့နေရာလေးတွေရှိတယ်။ ရွာသားတွေကလည်း သွားလုပ်စားမယ်ဆိုလည်း သူတို့ကခွင့်မပြုချင်ဘူး။ သူတို့ကသင်တန်းတက်မယ့်နေရာနဲ့ထားလည်းမဟုတ်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ လယ်ယာလုပ်ပြီဆိုတော့ သူတို့က ဒီနေရာက ကျနော်တို့သင်တန်းတက်ဖို့နေရာ ဘာညာဆိုပြီးတော့မှ လာပြောတယ်။ မြက်ကထူလာပြီဆိုရင် ကျနော်တို့ကမခုတ်တော့ဘူး မလုပ်တော့ဘူး နောက်အဲ့ချိန်မှာသူတို့လာရှင်းပြီးတော့မှ သူတို့တက်လားဆို မတက်တော့ဘူး ဒီအတိုင်းပဲသူတို့ထားတယ်။ အဲ့တာကျနော်တို့ပြည်သူတွေကြည့်တာကျတော့ သိပ်မသင့်တော်ဘူးပေါ့ တစ်ဖက်ကငါတို့ကို နှင်ချသလိုပဲဖြစ်နေတယ်။ နောက်သူတို့ခြံစည်းရိုးတွေကလည်း လှုံအောင်တော့လုပ်စေချင်တယ်ပေါ့ဒါပေမယ့် လူကလည်းတစ်ပေါက် သင်တန်းသားကလည်းတစ်ပေါက် နွားတွေကလည်းတစ်ပေါက်။”

spot_img
spot_img

Recent posts