spot_imgspot_imgspot_imgspot_img
Friday, November 8, 2024
spot_imgspot_imgspot_imgspot_img

ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းကျောင်းကနေ သင်တန်းသား ၂၀ ကျော် သင်တန်းဆင်း

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

အာဏာသိမ်းကာလအတွင်း ထိုင်း-ကရင်နီနယ်စပ်မှာဖွင့်လှစ်ထားတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်ရေးကျောင်းကနေ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး သင်တန်းသား ၂၀ ကျော်ကို လက်မှတ်ပေးအပ်ခဲ့ပါတယ်။

ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင့်ရေးသင်တန်းကျောင်းနဲ့ စစ်ဘေးဒဏ်တွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ သူတွေကို ကုစားမှုပေးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ဖြေလျော့နည်းတွေ သင်ကြားပေးနေတဲ့ Joy House (ပီတိအိမ်) ပူးတွဲပြီး အပတ်စဉ် ( ၂ ) ကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

“စာတစ်ခုထဲမဟုတ်ပဲ အပြင်ဗဟုသုတတွေလည်း အများကြီးရတယ်ပေါ့နော။ လူငယ်တွေ လမ်းပျောက်နေတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ်၊ ညီမတို့လို ဘာလုပ်ရမှန်းမသိတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် ဒီကျောင်းလာတက်ဖို့အတွက် ဖိတ်ခေါ်ချင်တယ်ပေါ့နော။” လို့ ဒုတိယအပတ်စဥ်ကျောင်းသူ မလင်းနန္ဒာက ပြောပါတယ်။

ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကရင်နီ‌ပြည်တွင်းက ကျောင်းသားလူငယ်တွေအတွက် ဆယ်တောရိုလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ၂၀၁၇ ခုနှစ်ကတည်းက ‌စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိတော့ဘဲ ၂၀၂၃ခုနှစ်မှာတော့ ထိုင်း-ကရင်နီနယ်စပ်တနေရာမှာ စစ်ဘေးရှောင်လူငယ်တွေအတွက် သင်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

“ကျောင်းပြီးတဲ့ လူတွေက community တွေမှာသွားတာပဲ ဖြစ်ဖြစ် ဘယ်နေရာပဲ သွားသွား သူတို့တွေအတွက် အလုပ်အကိုင်တစ်နေရာရာမှာ ရပြီးတော့ သူတို့ community အတွက် အသုံးကျတဲ့သူတွေဖြစ်သွားဖို့ မျှော်လင့်ပြီးတော့ ဖွင့်ထားပါတယ်” လို့ ကျောင်းတာဝန်ခံဖြစ်တဲ့ ဆရာမ အဖြူလေးက ပြောပါတယ်။

ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်ရေးကျောင်းမှာ အင်္ဂလိပ်စာ၊ ထိုင်းစာ၊ ဂီတာ၊ ပန်းချီ စတဲ့ ဘာသာရပ်လေးခုကို အခြေခံကနေစပြီး အဆောင်နေပုံစံမျိုးနဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။ သင်တန်းကာလကတော့ ၆ လတာ ကြာမြင့်ပါတယ်။

ကျောင်းဘာသာရပ် လေးခုအပြင် တခြားပြင်ပ ဗဟုသုတတွေကို ဖိတ်ကြားထားတဲ့ ဧည့်သည်ဆရာတွေနဲ့ သင်ကြားရပြီး စိုက်ပျိုးရေးနည်းပညာကိုလည်း လက်တွေ့လုပ်ဆောင်ရတယ်လို့ သင်တန်းသားတွေက ပြောပါတယ်။

ဆယ်တောရို လူငယ်စွမ်းရည်မြင့်တင်‌ရေးသင်တန်းကျောင်းကို လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းပြုရေးကို ရှေးရှုပြီး ဖွင့်လှစ်ထားသလို သင်တန်‌ကျောင်းပြီးစီးသွားတဲ့လူငယ်တွေ အလုပ်အကိုင်ရရှိရေးကို ကူညီဆောင်ရွက်ပေးတာလည်းရှိတယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကျောင်းကနေ အပတ်စဉ် ၂ ခုထိ ဖွင့်လှစ်ပြီး သင်တန်းသား ဦးရေ (၃၀) ကျော်ကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts