spot_imgspot_imgspot_imgspot_img
Monday, June 16, 2025
spot_imgspot_imgspot_imgspot_img

ဇူလှိုင်လ ၄ ရက်နေ့ညတွင် သေနတ်ပစ်ခံရတဲ့ အမျိုးသားတစ်ဦး သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်မှာ ယမန်နေ့(ဇူလိုင်လ ၄ရက်နေ့) ည ၈နာရီ ဝန်းကျင်အချိန်မှာ သေနတ်ပစ်ခံရတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

“အိမ်ထဲကနေပစ်ခံရတာလား အပြင်ရောက်နေလို့ ပစ်ခံရတာလား အဲလိုတော့မသိဘူး ကျတော်တို့လည်းအိမ်ထဲမှာပဲနေတော့ ဒါပေမယ့် သေနတ်ပစ်သံတော့ကြားလိုက်တယ်။ နောက်တော့ ဖေ့ဘွတ်မှာတန်းတက်လာတာပဲ ဦးလေးတစ်ယောက်အပစ်ခံရတယ် စိုးရိမ်ရတယ်ပေါ့။ မကြာခင်မှာပဲ လူနာတင်ယာဉ်လာတယ် ဆေးရုံခေါ်သွားတာထင်တယ်။ နောက်ဆုံးကြားတာကတော့ သေနတ်ပစ်ခံရတဲ့ဦးလေးက သေသွားတယ်လို့ ကြားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါအမျိုးသားကို မည်သူမည်ဝါမှန်းမသိတဲ့သူများမှ သေနတ်ဖြင့် လာရောက်ပစ်သွားတာဖြစ်ပြီး ကျောမှာသေနတ်ကျည်ထိမှန်ကာ စိုးရိမ်ရတာကြောင့် ဆေးရုံပို့ဆောင်ခဲ့ပေမယ့် တစ်နာရီကျော်အကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုအပြီး လွိုင်ကော်မြို့တွင်းနဲ့ လောဓမ္မရပ်ကွက်မှာ စစ်သား၊ ရဲတွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img