spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး ” ကို ထောက်ခံကြောင်း နဲ့ တော်လှန်ရေးမှာ အရှိန်မြင့်အားလုံးပူးပေါင်းပါဝင်လာကြဖို့ KNPP ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ပူးတွဲ “ ၁၀၂၇ စစ်ဆင်ရေး “ ကို ဖော်ဆောင်ပြီး စစ်ကောင်စီတပ်စခန်း တွေ ၊ လက်နက်ခဲယမ်းတွေ သိမ်းနိုင်တာတွေရှိခဲ့ပါတယ်။ အဲ့ဒီစစ်ဆင်ရေးအပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ကြိုဆိုထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာလ ၂၉ရက်) မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံး တော်လှန်ရေးအင်အားစုတွေ ၊ လူထုတွေ၊ နိုင်ငံတကာအသိုင်းအဝန်းတွေ ကနေ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေ တစ်ပြိုင်တည်း ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကိုနှိမ်နှင်းရေးတို့ဟာ ပြည်သူလူထုအားလုံးထောက်ခံသော လုပ်ဆောင်ချက်ဖြစ်သလို “၁၀၂၇ စစ်ဆင်ရေး” ဟာ ခုခံတော်လှန်သူအင်အားစုအတွက် ခွန်အားဖြစ်စေတယ်လို့ ဆိုထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ ဖော်ဆောင်တဲ့ ပူးပေါင်းစစ်ဆင်ရေးဟာ စစ်အာဏာရှင်အမြစ်ပြတ်ဖြုတ်ချဖို့၊ နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်မှုတွေ တိုက်ဖျက်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ တပ်စခန်း နဲ့ ဂိတ်စခန်း (၃၀)အထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAAက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts