spot_imgspot_imgspot_imgspot_img
Tuesday, July 15, 2025
spot_imgspot_imgspot_imgspot_img

“တစ်လေးလုံး စစ်ဆင်ရေး” တတိယမြောက်နေ့ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ အမည်တွင်ခေါ်တဲ့ 1111 (တစ်လေးလုံး) စစ်ဆင်ရေး တတိယမြောက်နေ့မှာ လွိုင်ကော်မြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီကနေ မြို့ပေါ် ရပ်ကွက် နေရာတချို့ကို လေယာဉ်ဗုံးကြဲသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ တိုက်လေယာဉ်တစ်စီးလာတယ် အရင်ဆုံး ပတ်တယ်။ ပတ်ပတ်ပြီးတော့ ကြဲသွားတယ် မြို့ထဲကနေဆိုတော့ အသံတော်တော်ကြားရတယ် ကြဲချတဲ့အသံပေါ့။ ထိတွေ့တဲ့အသံကတော့ ဒီမနက် ၆နာရီကျော်ကတည်းက စကြားရတယ်။ တော်တော်ပြင်းထန်တယ်လို့ ပြောရမယ်။ လက်နက်ကြီးတွေကလည်း ရပ်ကွက်တွေထဲကို ကျတာရှိတယ်။ ဒီချိန် ဘယ်သူမှလည်း အပြင်မသွားလာကြတော့ ဘယ်ရပ်ကွက်တွေထဲ ကျလဲ အထိခိုက်ဘယ်သူတွေရှိလဲ ဘာတွေပျက်စီးသွားလဲတော့ မသိရသေးဘူး။” လို့ လွိုင်ကော်မြို့တွင်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကနေ ဒေသခံတွေနေထိုင်တဲ့ အနီးအနားကို လေယာဉ်လာရောက်ကြဲနေတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။ ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်တာတွေလည်းရှိနေပြီး ထိခိုက်၊ ပျက်စီးမှု အခြေအနေတွေကိုလည်း မသိရှိရသေးပါဘူး။

spot_img

Recent posts