spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တနီးလာလဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ က လူနေအိမ်တစ်လုံးကို မီးရှို့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဟာ ဒီကနေ့ (ဩဂုတ်လ ၂၂ ) မနက်အစောပိုင်းမှာ လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“(၂၂)ရက်နေ့ မနက်အစောပိုင်းလောက်မှာ တနီးလာလဲ ရွာထဲမှာ အိမ်တစ်လုံးလောင်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့။ မီးလောင်တာတွေ့ရတယ်။ ဒါပေမယ့် အဲ့ဒီ တနီးလာလဲ ရွာထဲမှာက စစ်ကောင်စီက တပ်စွဲထားတယ်ပေါ့နော်။ ရှို့တာတေ့ာ သူတို့သေချာတယ်ပေါ့နော်။ ဒါပေမယ့် မီးလောင်တာကတော့ အိမ်က တစ်လုံးပဲလောင်တယ်။ နှစ်ထပ်အိမ်ရဲ့ဘေးက မီးဖိုဆောင်မျိုးလောင်တာတော့ တွေ့ရတယ်။ မနက် (၈) နာရီခွဲလောက်ထိကို မီးကလောင်နေသေးတယ်ပေါ့။”လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အဆိုပါ ကျေးရွာရဲ့ ဘုန်းကြီးကျောင်းနဲ့ တောင်ပေါ်စေတီမှာ ယခုအချိန်ထိ တပ်ဆွဲထားဆဲဖြစ်တာကြောင့် လူနေအိမ်တွေ ၊ စပါးကျီတွေကို မီးရှို့ဖျက်ဆီးပြီး မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့မှာကို စိုးရိမ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အိုးအိမ်တွေကို သတိရတာပေါ့။ ပြန်လာနိုင်တဲ့ အချိန်ကျရင်လည်း အိမ်တွေ ဘာတွေကော ရှိပါဦးမလား။ စပါးကျီတွေထဲမှာလည်း စပါးတွေလည်း ကျန်ခဲ့သေးတယ်ပေါ့နော်။ ငှက်တွေ ကြွက်တွေပဲ စားကုန်ပြီလား။ စစ်တပ်တွေပဲ ယူကုန်ပြီလားတော့ မသိဘူးပေါ့နော်။ ဘာတွေ ပြန်စားကြမလဲပေါ့။” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တနီးလာလဲနဲ့ ဒေါစဲ ကျေးရွာဘက်မှာ စစ်ကောင်စီ တပ်ဆွဲထားတာဖြစ်ပြီး လတ်တလောမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts