spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တရားစွဲခံ ကြေးရုုပ်ကန့်ကွက်လူငယ်အချို့ နောက်ရုံးချိန်းမလာရောက်ပါက ဖမ်းဝရမ်းထုတ်မည်

Author

Date

Category

လူငယ်များကိုု တရားစွဲဆိုုထားသည့် ဒီးမော့ဆိုုမြို့နယ်တရားရုုံးတွင် ရုုံးထုုတ်စစ်ဆေးနေသည်။ (ဓါတ်ပုုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

ခူးစိုးရယ်​ဦး

ကရင်နီသမိုုင်းနှင့် ဗိုုလ်ချုပ်ကြေးရုုပ်ကန့်ကွက်ကြောင်းစာဖြန့်ဝေမှုကြောင့် ပုဒ်​မ ၅၀၅ ဖြင့် တရားစွဲဆိုခံထား​ရ​သော ဒီး​မော့မြို့နယ်​ထဲက လူငယ်​ ရ ဦးအနက် ၄  ဦးသည်​ လာမည့်​ဩဂုတ်​လ ၁၆ ရက်​​နေ့တွင်​ တရားရုုံးချိန်းမလာရောက်ပါက ဖမ်​းဝရမ်​းထုတ်​မည်​ဖြစ်ကြောင်း သိရသည်။

ရုုံးထုုတ်လာသော လူငယ်တစ်ဦး (ဓါတ်ပုုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

̏သူတို့ထပ်စွဲတဲ့ ဆားအီတို့၊ ဂျွန်သန်းတို့ စိုးနိုင်တို့ခါကျတော့ နောက်တစ်ရုံးချိန်းကျရင် ဖမ်းဝရမ်းထုတ်မယ်လို့ သူပြောတယ်။ အခုက လူမစုံသေးလို့ အမှုမစစ်နိုင်သေးဘူးပေါ့နော˝ဟုု ကရင်​နီပြည်​​တောင်​သူသမဂ္ဂအဖွဲ့ဝင် ​စောလားဘွယ်ထူးက ကန္တာရဝတီတိုုင်း(မ်)သိုု့ ပြောသည်။

ပုဒ်​မ ၅၀၅ ဖြင့် တရားစွဲဆိုခံထား​သော ကရင်​န​ီလူငယ်​များ သတ်​မှတ်​ထားတဲ့ ရုံးချိန်​းကာလတွင်​ ​တရားမရင်​ဆိုင်​ပါက ဖမ်​းဝရမ်​း​အဖြစ်​သတ်​မှတ်​မည်​ဟု တရားလိုုရှေ့နေက ပြောကြားခဲ့ကြောင်း တရားခွင်​တွင်​ ကြားသိခဲ့ရသည်ကို ပြန်ပြောပြသည်။

ရုုံးထုုတ်လာသော လူငယ်များ(ဓါတ်ပုုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

“တရားရင်​ဆိုင်​​နေတဲ့ လူငယ်​ ၄ ဦးက သက်​သက်​မဲ့မဲ့ အချုပ်​ထဲမှာ အချိ​န်​ကုန်​​နေရတဲ့ ပုံစံမျိုးဖြစ်​​နေတယ်​” ဟု (KNGY)ကယန်​းအမျိုးသားလူငယ်​အဖွဲ့ နိုင်​ငံ​ရေးနှင်​့ လူ့အခွင်​့အ​ရေး​ကော်​မတီတာဝန်​ခံ ခွန်​းထက်​စိုးက ​ပြောသည်​။ တရားစွဲဆိုခံထားရသည့် လူငယ်လေးဦး၏ အမည်နာမများ၊ မိဘအမည်၊ နေရပ်များ မမှန်ကန်သည့်အတွက် မည်သူက မည်သည့်နေရာတွင် လာရောက်ရမည်မသိကြောင်း ပြောသည်။

တရားရုုံးတွင် တရားရင်ဆိုုင်နေစဉ်(ဓါတ်ပုုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

” ကန်​့ကွက်​သူ​တွေထဲမှာ တချို့လူ​တွေမပါဘဲနဲ့ တရားစွဲခံထားရတဲ့အဖြစ်​မျိုးက လူငယ်​​တွေအတွက်​ မတရားဘူး” ဟု ခွန်​းထက်​စိုးက ဆိုသည်​။ အဆိုပါ ဗိုလ်​ချုပ်​ရုပ်​ထုတည်​​ဆောက်​ရန်​ ကန်​့ကွက်​​သော ကရင်​နီလူငယ်​များသည်​ ယ​နေ့ ဩဂုတ်​ ၆ ရက်​​နေ့တွင်​ ဒီး​မော့ဆိုမြို့နယ်​ တရားရုံးတွင် အမှုစစ်​​ဆေးရန်​ စီစဉ်​​ခဲ့​သော်​လည်​း ယင်​းတရားစွဲဆိုခံထားရ​သော ရ ဦးထဲမှ လူငယ်​ ၄ ဦးက တရားလာမရင်​ဆိုင်​သဖြင်​့ စစ်​​ဆေးရန်​ ထပ်​မံကာ ၁၆ ရက်​​နေ့သို့ ​​ရွေ့ဆိုင်​းခဲ့သည်​။

ရုုံးထုုတ်လာသော လူငယ်များ(ဓါတ်ပုုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

​ကျောင်​းသား​ဟောင်​း ဦး​​အောင်​သန်​းမြင်​့က ” တကယ်​လို့ လူစုံ​အောင်​​စောင်​့မယ်​ဆိုလို့ အကုန်​လုံးကိုဖမ်​းချင်​တယ်​၊ အကုန်လုံးကို အမှုစစ်​ချင်​တယ်​၊ အကုန်​လုံးကို ​ထောင်​ချချင်​တယ်​၊ ငါတို့ဘက်​က အ​လျော့မ​ပေးဘူး ၊ အဲ့ဒီလိုလာပြီး လုပ်​လို့ရှိရင်​ ငါတို့ ဒီလိုဘဲ ပြန်​တုန်​့ပြန်​မှာဘဲလို့ သူတို့ သ​ဘောထားကို ​ဖော်​ပြတဲ့ သ​ဘောပဲ​ပေါ့​”ဟု ၎င်းက ပြောကြားသည်​။

ရုုံးထုုတ်လာသော တရားစွဲခံ လူငယ် (ဓါတ်ပုုံ-ကရင်နီပြည်လူငယ်များသမဂ္ဂ)

ယင်​းအမှုနှင်​့ ပတ်​သက်​၍ ဒီး​မော့ဆိုမြို့နယ်​ တရားရုံးတွင်​ ၃ ကြိမ်​​နှင်​့ လွိုင်​​ကော်​မြို့တွင်​ ၅ ကြိမ်​ စစ်​​ဆေးခဲ့ပြီး​ဖြစ်​သည်​။

ထိုသို့ တရားရုံးတွင်​ တရားစွဲခံထားရ​သော ကရင်​နီလူငယ်​များကို ရန်​ကုန်​တိုင်​း​ဒေသမှ လူ့​ဘောင်​သစ်​ပါတီ လူငယ်​များ၊ ကယားပြည်​နယ်​​တောင်​သူသမ္မဂ္ဂအဖွဲ့များ၊ ကယန်​းမျိုးဆက်​သစ်​လူငယ်​အဖွဲ့များ၊ အရပ်​ဖက်​အဖွဲ့များ၊ UKSY ​ကျောင်​းသားသမဂ္ဂအဖွဲ့ စသည်​့အဖွဲ့များ လာ​ရောက်​အား​ပေးဝန်​းရံခဲ့သည်။

spot_img
spot_img

Recent posts