spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိရိစ္ဆာန်တွေ မှီဝဲ သောက်သုံးနေတဲ့ ရေစုကန်မှာ ရေခမ်းခြောက်နေတာကြောင့် တစ်နှစ်အောက်အရွယ် နွားသေဆုံးမှုရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ် အရှေ့တောင်ဘက်ခြမ်းက ကျေးရွာ နှစ်ရွာဖြစ်တဲ့ ဒေါခူလီ၊ လောပလျားလဲကျေးရွာမှာ ဒေသခံလူထုတွေအပြင် တိရိစ္ဆာန်တွေ မှီဝဲ သောက်သုံးနေတဲ့ ရေစုကန်ဟာ ရေခမ်းခြောက်သွားတာကြောင့် တစ်နှစ်အောက်အရွယ် ကျွဲ၊ နွားတွေ သေဆုံးမှု ရှိတယ်လို ဒေသခံတွေ ပြောပြချက် အရ သိရပါတယ်။

“ငယ်ငယ်တုန်းက ဒီရေကန်တွေက တော်တော်ကြီးတယ်၊ တိရိစ္ဆာန်တွေ သေဆုံးတာမျိုး မရှိဘူး၊ အခုကတော့ မိုးနည်းလာတယ်၊ ဒီဒေသမှာတော့ ကျွဲနည်းလာသလို ရေကန်တွေကလည်း တဖြေးဖြေး ခမ်းလာတယ်၊ အခု ရေခမ်းလာပြီဆိုရင် ၂ လပိုင်းကတည်းက ရေတွေကို စုထားရတာ သောက်သုံးနိုင်ဖိုပေါ့၊ ငယ်တဲ့ တိရိစ္ဆာန်တွေကတော့ သူတိုသောက်သုံးဖို ရေမရှိတော့လို မောပြီး သေကြတယ်။” လို့ ရပ်မိရပ်ဖ တစ်ဦး ပြောပြချက်အရ သိရပါတယ်။

အဆိုပါ ရေစုကန်ဟာ ဖရူဆို အရှေ့တောင်ဘက်ခြမ်းမှာရှိပြီး ဒေါခူလီ၊ လောပလျားလဲက ကျေးရွာ နှစ်ရွာက ဒေသခံတွေ အပြင် တိရိစ္တာန်တွေပါ သောက်သုံးနေတာပါ။

ယခုလိုရေတွေခမ်းခြောက်သွားတာကြောင့် သောက်သုံးရေအတွက် အခကြေးငွေပေးပြီး ဝယ်ယူသုံးစွဲရပါတယ်။ ဒါပေမဲ့ ငွေကြေးအခက်အခဲရှိနေတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ရေအတွက် အလှူရှင်ကိုသာ မှီခိုအားထားကြရတယ်လို ဆိုပါတယ်။

ရေရှားတာကြောင့် ဒေသခံတွေဟာ တကိုယ်ရေသန့်ရှင်းမှု အားနည်းနေကြပြီး တိရိစ္ဆာန်တွေကတော့ သေဆုံးတဲ့အထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နွားတွေ သေဆုံးတာက တစ်နှစ်အောက်အရွယ်တွေပေါ့၊ အိမ်တိုင်းရယ်တော့ နွားသေတာတော့ မဟုတ်ဘူး ဒါပေမယ့် ဒီရက်ပိုင်းတွေမှာတော့ ဆက်တိုက်သေနေတယ်၊ ရေရှားတဲ့ ပြသနာပေါ့၊ နေအပူရှိန်ကြောင့်လည်း ဖြစ်တာပေါ့၊ အဲတာနဲ့ အထိ ပိုနာနေတာပေါ့နော။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖရူဆိုအရှေ့ခြမ်းမှာ နှစ်စဉ်ရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့ရပြီး ဒေသခံတွေကတော့ နောက်နှစ်အတွက် ရေပြဿနာတွေကို ဖြေရှင်းဖို့ မိုးရေလှောင်ကန်တွေကို ပြုပြင် လိုကြောင်းလည်းဆိုထားပါတယ်။

ဒေါခူလီ၊ လောပလျားလဲကျေးရွာ ဟာ ဖရူဆိုအရှေ့ဘက်ခြမ်းမှာတည်ရှိပြီး စစ်ဘေးရှောင်တွေလည်း လာရောက်နေထိုင်တာကြောင့် အိမ်ခြေ ၉၀ ကျော်ရှိကာ၊ လူဦးရေပေါင်း ၄၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts