spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲပြင်းထန်ပြီး ပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော် ၄ ဦး ကျဆုံးပြီး စစ်ကောင်စီတပ်မှ ၂၀ နဲ့အထက် သေဆုံးကြောင်း မိုးဗြဲ PDF ထုတ်ပြန်

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ဦးနဲ့အထက် သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဖက်မှ ၄ ဦး ကျဆုံးသွားခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ( Mobye People Defense Force ) က ၎င်းတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ မနေ့က ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ တော်လှန်ရေး ရဲဘော်များမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ ရဲဘော် (၁) ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) မှ ရဲဘော် (၂) ဦး နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် (၁) ဦး တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပူးပေါင်းတပ်ဖွဲ့ဖက်မှ သုံးဦး ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးဗြဲမြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး အခြေအနေ တင်းမာလျှက် ရှိနေတဲ့အတွက် မိဘပြည်သူများအနေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ အနီးတစ်ဝိုက်ကို သွားလာခြင်း မပြုလုပ်ကြဖို့နဲ့ မိုးဗြဲ-ပီကင်း လမ်းအား ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။

ဓါတ်ပုံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
spot_img