spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

တိုက်လေယာဉ်ပျက်ကျတဲ့ သက်သေနဲ့ပတ်သက်ပြီး ထပ်မံရရှိထားတယ်လို့ ကလလတ ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ရွာသစ်မြို့ဘက်မှာ ဇွန်လ ၃၀ ရက်နေ့က ပစ်ချလိုက်တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ပျက်စီးမှုတချို့ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း နဲ့ တိကျခိုင်လုံတဲ့ သက်သေတွေရရှိထားတယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) ( ကလလတ ) ကနေ ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ်ဟာ K-8W အမျိုးအစားဖြစ်ပြီး လေယာဉ်အမှတ် (၃၉၃၅)ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်အဆင့်ရှိတဲ့ ဗိုလ်ကြီးသော်ဇင် (လေ ၄၁၉၈)၊ ဗိုလ်အောင်ဖြိုးကျော် (လေ ၄၃၄၉) တို့ တောင်ငူလေယာဉ်ကွင်းကနေ ပျံတက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပစ်ချခံလိုက်ရတဲ့ လေယာဉ်အတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီရဲ့ လေတပ်က ဗိုလ်ကြီးသော်ဇင်နဲ့ ဗိုလ်အောင်ဖြိုးကျော်ကိုလည်း စစ်ကောင်စီက သူရဲကောင်းဘွဲ့ တံဆိပ်တွေကို ချီးမြှင့်ထားတဲ့ အမိန့်ကြေညာစာကို ဇူလိုင်လ ၂၃ရက်နေ့မှာ တွေ့ရှိရတယ်လို့ KNPLF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ အဲဒီအရာရှိတွေက သေတဲ့ဟာတွေ ထုတ်ပြန်တာက ကျနော်တို့ကြေးနန်းရထားတယ်။ အဲဒီကြေးနန်းအတိုင်း သူတို့နာမည်နဲ့ နောက်ပြီးတော့ မနေ့တစ်နေ့က သူတို့ထုတ်ပြန်ထားတဲ့ သူတို့ဘွဲ့ပေးထားတဲ့ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ အဲ့ဒီနာမည်ကို highlight လုပ်ထားတယ်။ အဲ့တာကလည်း ကျနော်တို့ ကြေးနန်းနဲ့ တစ်ပုံစံတည်းမလို့။ ” လို့ KNPLF တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပျက်ကျနေတဲ့ လေယာဥ်အပိုင်းအစတွေကိုလည်း ပြန်လည်သိမ်းဆည်းသွားခဲ့တယ်လို့ ရဲဘော်လောရင်းစိုးက ဆက်ပြောပါတယ်။

“လက်ရှိအချိန်အထိ လေယာဥ်ပျက်ကျတဲ့နေရာမှာတော့ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားနေတယ်။ ကျနော်တို့ အနားကပ်လို့ မရသေးဘူး။ သူတို့လူနဲ့ပဲ လာယူသွားတယ် ပြီးတော့ သူတို့အရင်နယ်ခြားစောင့်တပ်ဖြစ်တဲ့ ၁၀၀၅ တပ်ရင်းထဲမှာပဲ စုပြုံထားတယ်တဲ့။” လို့ သူက ပြောပါတယ်။

အဆိုပါ တိုက်လေယာဉ်ကို ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် ( ၁၀၀၅ ) အနီးမှာ ဇွန်လ ၃၀ ရက်နေ့မှာ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

spot_img

Recent posts