spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနယ်စပ်ရောက် မယ်စဲ့စစ်ဘေးရှောင် ၃၀၀၀ ကျော်အတွက် အကူညီလိုအပ်နေဆဲ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ဆေးဝါးပိုမိုလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ မယ်စဲ့မြို့နယ်အတွင်း တိုက်ပွဲကြောင့် မယ်စဲ့မြို့ကနေ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်နီစစ်ဘေးရှောင် ဦးရေ ၃၀၀၀ ကျော်အတွက် အကူအညီလိုအပ်နေဆဲဖြစ်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ နို့တိုက်မိခင်တွေအတွက် ဆေးဝါးလိုအပ်နေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး – ၂ မော်ဖရေမြာက ပြောပါတယ်။

“ကိုယ်ဝန်သည်ဆိုလည်း ဘားမှ သူတို့ သောက်တဲ့ အားဆေးလိုပဲဖြစ်ဖြစ် အရေးပေါ် ကျန်းမာရေးပြုစုမှုအတွက် ဆောင်ထားတဲ့ဆေးကတော့ ပုံမှန်လိုအပ်မယ်ပေါ့နော။ နို့တိုက်မိခင်လိုမျိုးကျတော့ တစ်ချို့ကတော့ ကလေးနို့ရည်သိပ်မထွက်တဲ့ အနေအထားမျိုး…ပြီးရင် မိခင်ကလည်း အစာအာဟာရ လုံလုံလောက်လောက် မစားနိုင်တဲ့ အနေအထားမျိုးမှာ ခုနပြောသလိုမျိုး တချို့ကလည်း နို့မတိုက်နိုင်တဲ့ အနေအထားမျိုးမှာ နို့ဘူးဝယ်တိုက်တဲ့ တချို့အမေတွေလည်း ရှိတယ်ပေါ့နော။ ဆိုတော့ အရေးပေါ် အဲ့လိုမျိုးလိုအပ်တယ်။”လို့ မော်ဖရေမြာက ပြောပါတယ်။

မယ်စဲ့မြို့နယ်နဲ့ နယ်စပ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ကို တိမ်းရှောင်ခဲ့တဲ့ စစ်ရှောင် (၃၃၄၂)ဦးရှိပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်တွေက ကြည့်ရှုထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိမှာ မယ်စဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော်ကို နန်းဖားခယ်၊ နန်းမန်းချောင်း၊ နန်းမန်းခီး၊ ဆော်ဟီမှာ နေရာချပေးထားတယ်လို့ သိရပါတယ်။

လိုအပ်တဲ့နေရာထိုင်ခင်း၊ မိုးကာ၊ စားနပ်ရိက္ခာ၊ ချက်ပြုတ်စားသောက်ဖို့ လိုအပ်တဲ့ အရာတွေကို ထိုင်းဖက်က ကူညီထားသလို ကရင်နီလူမှုအဖွဲ့အစည်းတွေကလည်း ကူညီပို့ဆောင်နေပေမယ့် လုံလောက်မှုမရှိသေးဘဲ အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။

“အကူအညီလည်း လိုအပ်တယ်ပေါ့နော။ ထိုင်းက လက်ခံပေးတယ်ဆိုပေမယ့်၊ ပုံမှန်လိုမျိုးပဲ စစ်ဘေးရှောင်တွေ လိုအပ်နေတဲ့ မိုးကာတွေ နေထိုင်ဖို့ ပစ္စည်းတွေရယ် အာဟာရအစားအသောက်တွေရယ် လိုတာပေါ့နော။ ကျမတို့ ကရင်နီပြည်နယ် အဖွဲ့အစည်းတွေကတော့ ဝိုင်းဝန်းပြီးတော့မှ အစားအသောက်ကူတဲ့ အဖွဲ့လည်းရှိသလို အထွေထွေလိုက်ကူပေးတဲ့ အဖွဲ့လည်းရှိတယ်ပေါ့နော။ ဒါပေမယ့် အရေးပေါ်လိုမျိုးဖြစ်နေတော့ လုံလုံလောက်လောက် အမြန်ဆုံး သူတို့နားမရောက်တာလည်း ရှိတယ်ပေါနော။”လို့ မော်ဖရေမြာက ပြောပါတယ်။

ဓာတ်ပုံ – KNWO

စစ်ရှောင်တွေထဲ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကလေးငယ်တွေ အများဆုံးဖြစ်ပြီး မိုးရာသီကာလဖြစ်တာကြောင့် ဖျားနာမှုမရှိအောင် အရေးပေါ် ဆေးဝါးလည်း လိုအပ်နေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲကို စစ်ဘေးရှောင် ၃၀၀၀ ကျော်ရောက်ရှိလာသလို နယ်စပ်မှာ ကျန်ရစ်နေသေးတဲ့ စစ်ရှောင်တွေလည်း ရှိနေသေးတာကြောင့် ၎င်းတို့အတွက် ထိုင်းနယ်စပ်ဂိတ်ဖြတ်ပြီး အကူညီရောက်ရှိနိုင်ဖို့ ပိုခက်ခဲတယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောကြပါတယ်။

spot_img
spot_img

Recent posts