spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကယန်းနှစ်သစ်ကူး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်အတွင်းက ကယန်းသာယာကျေးရွာမှာ ကယန်းခုနှစ် (၂၇၆၃) နှစ်ပြည့်၊ ကယန်းနှစ်သစ်ကူးပွဲအခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လူမျိုးစု စုစည်းမှုဟာ စစ်အာဏာရှင်ကို ဖြုတ်ချရေးအပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခွန်အားကိုလည်း ဖြစ်စေတာကြောင့် လူမျိုးစုတွေရဲ့ စုစည်းမှုကို ပြသစေလိုတယ်လို့ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ နာယာက ခွန်းမားရ်ကိုဘန် က ပြောပါတယ်။

“ကျနော်တို့က ကရင်နီနှစ်သစ်ကူးနေ့ဖြစ်ဖြစ် ကယန်းနှစ်သစ်ကူးနေ့ဖြစ်ဖြစ် ပအိုဝ်းနှစ်သစ်ကူးနေ့ဖြစ်ဖြစ် အဲ့လိုလုပ်တဲ့ဟာ ကိုယ့်လူမျိုးကို စုစည်းပြီး ဒါကကျနော်တို့ တပြည်နယ်လုံးရဲ့ စိတ်ဓါတ်ကို စုစည်းပြီး အဲ့မှာ စစ်အာဏာရှင်ဖြုတ်ချရေးတို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ နောက်ပြီး ကျနော်တို့က အမျိုးသားရဲ့ အပြန်အလှန် လေးစားအသိအမှတ်ပြုဖို့ဆိုရင် ဒါက ခွန်အားတစ်ခုပဲ။ ကျနော်တို့ စုစည်းတယ်လို့ ပြောချင်တယ်။”လို့ ခွန်းမားရ်ကိုဘန် က ပြောပါတယ်။

ပွဲအခမ်းအနားအစီအစဥ် ပြုလုပ်ဖို့ ဦးဆောင်ဦးရွက်ပြုပေးနိုင်မဲ့သူရှိခဲ့ပေမဲ့ လိုအပ်တဲ့ ပစ္စည်းဝယ်ယူနိုင်ဖို့ ဘတ်ဂျက်အားနည်းချက်ရှိတယ်လို့ ပွဲစီစဥ်ဆောင်ရွက်တဲ့ ကော်မတီအဖွဲ့ဝင် တစ်ဦးက အခုလိုပြောပါတယ်။

”ကယန်းနှစ်သစ်ကူးပွဲကို ဖြစ်မြောက်ဖို့အတွက် ကျနော်တို့စိန်ခေါ်မှုကဘာလဲဆိုတော့ ဒီပွဲကိုကျင်းပဖို့အထူးသဖြင့် လိုအပ်နေသော ပစ္စည်း တွေဖြစ်တဲ့ စတိတ်စင်တွေကိုပြင်ဆင်ဖို့အတွက် အခက်ခဲတွေရှိတယ်။ အထူးသဖြင့် လိုအပ်နေတဲ့ ပိတ်စ၊ပန်း၊ ကန့်လန်ကာ တို့ ဝယ်ယူဖို့ လိုအပ်တယ်။ ဒါပေမဲ့ တစ်ချက်မှာ ကျတော်တို့ ဘတ်ဂျက်အင်အား မရှိတဲ့အခါလဲ ကြုံရတတ်တယ်။ အခက်ခဲတွေ တစ်ခုရှိတာက ကျနော်တို့ လူမျိုးတွေက အစုလိုက်အပုံလိုက် မနေတဲ့အခါကျတော့ အဝေးကနေ နေထိုင်ကြပြီး ကျနော်တို့ကဆက်သွယ် ရတာအခက်ခဲတွေရှိတယ်။ ဘတ်ဂျက်အားနည်းချက်ရှိတာမျိုးကတော စိန်ခေါ်မှု တစ်ခုဘဲဖြစ်ပါတယ်” လို့ ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အခမ်းအနားမှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ်၊ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ နာယာက ခွန်းမားရ်ကိုဘန်၊ ပအို့ဝ်အမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်း၊ နန်းဆွယ်ကျေးရွာ ဥက္ကဌ အပါအဝင် ပြည်သူလူထုများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းက ပေးပို့လာတဲ့ သဝဏ်လွှာ ကို ဖတ်ကြားခဲ့ကြပါတယ်။

“ကျနော်တို့ ဒီအချိန် ဒီကာလမှာပေါ့နော် စစ်အာဏာသိမ်းကာလလည်း ဖြစ်တဲ့အတွက်ကြောင့် တခြားသော တိုင်းရင်းသားညီအစ်ကိုတွေလည်း ဒီစစ်ဘေးဒဏ်နဲ့ အခက်ခဲတွေ ကြုံနေရသော်လည်းပေါ အထူးသဖြင့်တော့ ကျနော်တို့ရဲ့ အမျိုးသား နှစ်သစ်ကူးဖြစ်ဖြစ် ကျနော်တို့ ရဲ့ သုတေတ လက္ခဏာတွေကတော့ တတ်နိုင်ဆုံး‌တတ်နိုင်တဲ့ အခန်းကဏ္ဍ ကနေ ဖော်ဆောင်ပေးဖို့တော့ တိုက်တွန်းချင်ပါတယ်ပေါ့လေ”လို့ဆိုပါတယ်။

အဆိုပါ ကယန်းနှစ်သစ်ကူးပွဲအခမ်းအနားကို မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကယန်းလူမျိုးစုတွေ နဲ့ ဒုက္ခသည် အမှတ်(၁) စခန်းက လူထုတစ်ချို့ တက်ရောက်ခဲ့ပြီး လူဦးရေ ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts