spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်ခွင့်ကဒ် လျှောက်ခွင့်ကို ဇူလိုင်လကုန်အထိခွင့်ပြုထား

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရမယ့် ရက်ကို မေလ လယ်အထိ သတ်မှတ်ခဲ့ရာကနေ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ဇူလိုင်လကုန်အထိ ပြန်လည်ခွင့်ပြုပေးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေကနေ ဖော်ပြထားပါတယ်။

ဒီလိုခွင့်ပြုထားတဲ့အပေါ်မှာ ထိုင်းရွှေ့ပြောင်းသမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း( FED ) မှ အမှုဆောင်ဒါရိုက်တာ ဆရာထူးချစ် က ကြိုဆိုကြောင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အထောက်အထားတွေကို ပြုလုပ်ထားသင့်ကြောင်း ပြောပါတယ်။

“အခုလိုမျိုး တရားဝင်လက်မှတ် လုပ်ပေးတာက ကျနော်တို့ ကြိုဆိုပါတယ်။ အဲဒီ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရပြီဆိုလို့ရှိရင် ဘာပဲပြောပြော ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်တွေ အစောက ပြောတဲ့ လူမှုဖူလှုံရေး အကျိုးခံစားခွင့်တွေလည်း တခါတည်းရတယ်ပေါ့နော။ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အခြေခံလုပ်အားခတွေ နောက်တစ်ခုက လုပ်ငန်းခွင်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရလို့ရှိရင်လည်း လျှော်ကြေးတွေ၊နောက်တစ်ခုက တချို့တွေပြောတဲ့ အမျိုးသမီးတွေ မီးဖွားခွင့်တွေကအစ အကျိုးခံစားခွင့်တွေရမယ်။ အဲဒါကြောင့်မလို့ ကျနော်တို့ကတော့ အမြဲတမ်းပြောတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ လက်မှတ်တွေ လုပ်ထားသင့်တယ်။ ဒါမှပဲ ကိုယ့်ရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မယ်လို့ ပြောချင်ပါတယ်။” လို့ ထိုင်းရွှေ့ပြောင်းသမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း( FED ) မှ အမှုဆောင်ဒါရိုက်တာ ဆရာထူးချစ် ဆရာထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးသူ၊ အလုပ်လက်မဲ့ဖြစ်ပြီး အလုပ်ရှင်အသစ် ရှာမရသေးသူ၊ နေထိုင်ခွင့် ဗီဇာ သက်တမ်းလွန်နေတဲ့ တရားမဝင်နေထိုင်သူ၊ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား စတဲ့ သူတွေ လည်းအကြုံးဝင်ပြီး အလုပ်လုပ်ခွင့်လျှောက်ထားသူတွေရဲ့ ၁၈ နှစ်အောက် သားသမီးတွေကလည်း ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရမှာြဖစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေက ရွေ့ပြောင်းအလုပ်သမား ၅ သန်းရှိနေတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံက ၄ သန်းဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

လာမယ့် ဩဂုတ်လထဲမှာလည်း မည်သည့်အထောက်အထားမှမရှိသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထောက်အထားအနေနဲ့ အလုပ်လုပ်ခွင့် အသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ထုတ်ပေးဖို့ ဆောင်ရွက်သွားဖို့လည်းရှိပြီး အမည်စာရင်းတွေ စတင်ကောက်ခံတော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်သူတွေ ပိုများလာပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာသူ လေးသိန်းကျော်ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts