spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ကန္တာရဝတီတိုင်း ( မ် )

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ မနေ့က ( ဇွန်လ ၂၉ ရက်နေ့ ) က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ကရင်နီတပ်မတော် ( KA )စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ‌ပြောပါတယ်။

”ကျနော်တို့က လမ်းမှာတိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့ ကိစ္စအဲဒီလိုမျိုးပြောရမှာပေါ့။ လမ်းမှာ နေရင်းထိုင်ရင်းနဲ့ လမ်းမှာတိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့ ကိစ္စဖြစ်တယ်။ တိုက်ပွဲကျ ကျနော်ကြားတာက မနက် ၈ နာရီကနေ ၁၂ နာရီအထိဖြစ်တယ်လို့ ကျနော်တို့ ကြားတယ်ပေါ့နော။ အဲဒီအချိန်မှာက တိုက်လေယာဥ်တစ်စီးလာတယ်ပေါ့နော။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စီးလာပြီးတော့မှ ဗုံးကြဲတာ ရှိတယ်လေနော။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းပစ်ကူတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ဟာ နယ်စပ်မှာ ရှိတဲ့ စစ်ရှောင်စခန်းအထိ ပျံသန်းလာပြီး စစ်ဘေးရှောင်တွေဟာ စိုးရိမ်ထိတ်လန့်ကာ ဗုံးခိုကျင်းထဲ ပုန်းခဲ့ရတယ်လို့ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။

“မနေ့က မနက်ပိုင်း ၁၀ ခွဲလောက်မှာ လေယာဥ်နဲ့ လာဝဲတယ်။ နီးနီးလေးပဲ။ တိုက်လေယာဥ်နဲ့။ အဲဒီလိုလာဝဲတော့ စစ်ရှောင်စခန်းမှာနေတဲ့လူတွေ အကုန်လုံး သူတို့ တူးထားကြတဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြတယ်။” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပေမယ့် အတိအကျကိုတော့ မသိရသေးပဲ ကရင်နီတပ်မတော် ( KA ) ဘက်က ရဲဘော်တစ်ဦးကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားတာရှိနေပေမယ့် လူထုတွေအနေနဲ့ စိုးရိမ်မလွန်ကြဖို့နဲ့ သတိနဲ့ နေထိုင်ပေးကြဖို့ကို ဗိုလ်မှူးကြီး ဘုန်းနိုင်က တိုက်တွန်းပြောကြားထားပါတယ်။

spot_img
spot_img