spot_imgspot_imgspot_imgspot_img
Wednesday, January 22, 2025
spot_imgspot_imgspot_imgspot_img

ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြောင်းချိုးနေတဲ့ မိသားစုထိမှန်ပြီး သားအမိနှစ်ဦးသေဆုံး ၊ တစ်ဦးထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် PNO တို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြောင်းချိုးနေတဲ့ မိသားစုဝင် ၃ဦးကို ထိမှန်ခဲ့ပြီး သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၂ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာတော့ အမျိုးသားဖြစ်သူ ခွန်ငယ်လေးဖြစ်ပြီး အမျိုးသမီးဖြစ်သူ နန်းထွေးနဲ့ ၂နှစ်အရွယ် ကလေး သေဆုံးခဲ့တာပါ။ ဒီဇင်ဘာ ၁ရက်နေ့က တောင်ယာခြံထဲ ပြောင်းချိုးနေစဥ်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြိုနယ်အတွင်းမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး မြေပြင်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့မှု စတင်ခဲ့ရာ လက်ရှိအချိန်ထိဖြစ်ပါတယ်။

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ပအိုဝ်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခြင်း ၊ နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်း ၊ ပအိုဝ်းပြည်သူအား သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ PNLA က ပြောဆိုပါတယ်။

၂၀၂၄ခုနှစ် ဇွန်လ ၂၃ ရက် ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ ရက်ပေါင်း(၁၆၈) ရက်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ညောင်ရွှေမြို့ နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း ၊ ဖမ်းဆီးခံရမှုနဲ့ အခြားသော အတည်မပြုနိုင်တဲ့ အကြောင်းအရာတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၄၈)ဦး နဲ့ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ (၉၆)ဦး ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts