spot_imgspot_imgspot_imgspot_img
Thursday, May 22, 2025
spot_imgspot_imgspot_imgspot_img

ဒီကနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက် ကျဆုံးမှုရှိ၊ နေအိမ်တချို့ မီးလောင်

ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့မှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF၊ KAပူးပေါင်းတပ်တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဖက် (၄)ဦးသေဆုံး ခဲ့တယ်လို့ KNDFသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ခြောက်မိုင်ရှိနေအိမ်တချို့ မီးလောင်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လွိုင်ကော်နဲ့ ဒီးမော့ဆို တွေမှာ အင်အားတွေ ဖြန့်ကျက်နေပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားကြဖို့ လိုတယ်လို့ KNDFက ဆိုပါတယ်။

” တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ကြမယ်လေနော။ အဲ့တော့ ပိုပြီးတော့ ကရုစိုက်ဖို့ပဲပေါ့။ စစ်ကောင်စီကတော့ အင်အားတွေ တိုးချဲ့ လာတယ်။ အဲ့တော့ ကျနောတို့ ပိုပြီးတော့ တိုက်ကြမှာပေါ့လေ။ အားလုံးပိုပြီးတော့ သတိပြုဖို့ ကျနောကတော့ ပြောချင်တယ်။ “

ဒီကနေ့မှာတော့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ဒေါပိုးစီကျေးရွာအနီး တစ်ကြိမ် နဲ့ ည ၅နာရီ ဝန်းကျင်မှာ ဒီးမော့ဆိုမြို့နယ် (၅)မိုင်နဲ့(၆)မိုင်ကြား တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီးမော့ဆို ရဲစခန်းမှာလည်း လက်ရှိ ညနေ ၇နာရီအထိ စစ်ကောင်စီနဲ့ KNDF ၊ KAတို့ တိုက်ပွဲ ပြင်းထန်လျက်ရှိနေပါတယ်။

spot_img
spot_img