spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီကနေ့ နံနက်ပိုင်း အချိန် ကရင်နီပြည်တချို့နေရာတွေမှာ စစ်ကောင်စီ တိုက်လေယာဉ် ဝဲပျံတာတွေ လုပ်ဆောင်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဒီဇင်ဘာလ ၂၀ရက်) နံနက် ၁၀နာရီခွဲ ဝန်းကျင်လောက်မှာ ကရင်နီပြည်တချို့နေရာတွေမှာစစ်ကောင်စီတိုက်လေယာဉ် ဝဲပျံခဲ့ပါတယ်။ တိုက်လေယာဉ် ဝဲတာတွေ ပြုလုပ်တဲ့အတွက် ပြည်သူလူထုတွေ ကြောက်လန့်ခဲ့ရပြီး တချို့စစ်ရှောင်စခန်းမှာဆိုရင် ပြေးပုန်းခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

” ဒီမနက်မှာ တိုက်လေယာဉ်ဝဲလာတယ်။ ကျမနေတဲ့ အိမ်ပေါ်မှာ ပျံတဲ့အချိန် တော်တော် နိမ့်တော့ ပြေးပုန်းနေရတယ်။ ကျမသိရသလောက် တခြားနေရာမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုဆိုရင် စာသင်နေတဲ့ ကလေးတွေလည်း အိမ်ကို အကုန်ပြေးပြန်ရတယ်။ စစ်ရှောင်တွေလည်း အကုန်ပြေးပုန်းကြတယ်။ ” လို့ ဒီးမော့ဆို မြို့နယ် ပြည်သူတစ်ဦးက ပြောပြပါတယ်။

အဲဒီတိုက်လေယာဉ်ဟာ မည်သည့်အကြောင်းကြောင့် ဝဲပျံလာတယ်ဆိုတာကို တိတိကျကျမသိရသေးပေမယ့် စစ်ရှောင်တွေနေတဲ့ နေရာအနား ဝဲပျံလာတာလည်း ရှိတဲ့အတွက် စစ်ရှောင်စခန်းမှာ နေထိုင်သူတွေက တိုက်လေယာဉ်ကနေ လက်နက်တွေ ပစ်ချမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

“ တော်တော်တော့ ကြောက်ဖို့ကောင်းတယ်။ အကြီးပဲ အဲ့လိုမျိုး တခါးမှ အရင်က မကြုံဖူးသေးဘူး။ ဒီတစ်ခေါက်တော့ နည်းနည်းထူးဆန်းတယ်ပြောရမယ်။ တော်တော်လည်း ကြောက်ဖို့ကောင်းတယ်။ ကလေးတွေ သက်ကြီးရွယ်အိုတွေ အများကြီးရှိခါကျတော့ သူတို့တောင်တော်တော်လေး ကြောက်သွားတယ်ပေါ့နော။ တအားကြီး လန့်သွားတယ်ပေါ့နော။ တအားကြီး နီးနီးကပ်ကပ် ပြောရမှာပေါ့နော။ တော်တော်တော့ကြီးတယ်။ အပြာရောင် တော်တော်ကြီးတယ်။ အဲ့တော့ မြင်ရတဲ့ကလေးတွေ လူကြီးတွေအတွက်တော့ တော်တော်လေး လန့်သွားတယ်ပေါ့နော။ “ လို့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဝဲပျံတာကတော့ ဒီးမော့ဆို အပြင် တခြားနေရာတွေဖြစ်တဲ့ လွိုင်ကော်၊ မိုးဗြဲတို့ဖက်မှာလည်း တိုက်လေယာဉ် ဝဲပျံသံကြားရတာတွေ လည်း ရှိတယ်လို့ ဆိုကြပါတယ်။

spot_img
spot_img