spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ဒီတစ်နှစ်က ကျွန်မအများအားဖြင့် ကြယ်ပွင့်မပြဘဲ မေးတယ်။”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဘယ်လောက်ထိဆောင်ရွက်နိုင်ပြီလဲ၊ ၂၀၂၀-ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားသလဲ- စတာတွေကို ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆားမူနဲ့ ကန္တာရဝတီတိုင်း(မ်)ကနေ တွေ့ဆုံမေးမြန်းထားချက်ကို ကောက်နုတ်တင်ပြထားလိုက်ပါတယ်။

မေး ။ ။ ကိုယ်စားလှယ်အနေနဲ့ အမျိုးသားလွှတ်တော်မှာ ဘယ်ကော်မတီမှာ တာဝန်ယူထားရသေးလဲ။

ဖြေ။ ။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီမှာ ပါတယ်။

မေး။ ။ ကယားပြည်နယ်ကနေ ဘယ်လိုတိုင်ကြားစာတွေ ရှိခဲ့ဖူးပါသလဲ။

ဖြေ။ ။ မောချီးမြေပြိုတဲ့ကိစ္စတွေ နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော။ လူထုတွေကတိုင်လာတဲ့အခါကျတော့ အဲ့ကိစ္စနဲ့ပတ်သက် လို့ကွင်းဆင်းစစ်ဆေးပေးရမယ်ပေါ့။ ဥပမာလူထုတွေက ဘာတွေလိုအပ်နေလဲ ဘာတွေအခက်အခဲ ဖြစ်နေလဲ။ ကုမ္ပဏီတွေကရော ဘာတွေလိုနေလဲ အဖြေတွေညှိနှိုင်းပေးရမှာပေါ့။

မသွားနိုင်ဘူးလားဆို ဥပမာကျွန်မတို့က လူထုကတောင်းဆိုလာလို့ တိုင်စာရောက်လာတ ာတို့ ဘာတို့ ကွင်းဆင်းစစ်ဆေးပေးပါ ဘာညာဆိုရင် ကျွန်မတို့ကွင်း ဆင်း လို့ရတယ်။ အဲ့လိုမျိုးမှမတောင်းဆိုလာဘူး ကွင်းဆင်းစစ်ဆေးပေးပါလို့ မပြောဘူးဆိုလိုရှိရင် ကျွန်မတို့ကဆင်းလို့ မရဘူး။ လွှတ်တော်ဥက္ကဌကခွင့်ပေးမှ သွားလို့ရတယ်။ ကိုယ့်သဘောရှိနဲ့ သွားလို့မရဘူး။

မေး ။ ။ မောချီးက မိုးရာသီတွင်းဆိုမြေတွေလည်းပြိုတယ်။ ဒါပေမယ့် ကုမ္ပဏီတွေကကျတော့ လုပ်ပိုင်ခွင့် တွေဆက်လုပ်ပေးထားတဲ့အပေါ်မှာ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်နိုင်ဘူးလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ သယံဇာတနဲ့သဘာဝတိုင်စာဆိုလို့ အဲ့တခုဘဲ ရှိခဲ့ဖူးတယ်။ မော်ချီးမြေပြိုတာ ဘာကြောင့်ဖြစ်ရလဲဆိုတော့ ပြောရမယ်ဆိုရင် သဘာဝဘေးဒဏ်ကလည်း အခုဆိုတောက်လျှောက်ဖြစ်တတ်တာပေါ့နော။ နောက်ပြီးတော့ သူတို့တူးဖော်ထုတ်လုပ်ထားတာတွေလည်း စက်ယန္တာရားတွေနဲ့ လုပ်ရင်ပြိုပျက်နိုင်တာဘဲ။ ဥပမာလက်ယှက်ဘဲလုပ်စားမယ် လက်လုပ်လက်စားတွေနဲ့ပဲ လုပ်မယ်ဆိုလို့ရင် တော့ဒီလိုမျိုးပျက်စီးမှာ မဟုတ်ဘူး။ စက်ယန္တာရားတွေနဲ့ သုံးတဲ့အခါကျတော့ မြေရဲ့တုန်ခါမှုက မခံနိုင်တော့ဘူးပေါ့နော။ အဲ့လိုဘဲမြင်ပါတယ်။

မေး ။ ။ ခဲတွေဆက်မတူးကြဖို့ တားမြစ်လို့မရနိုင်ဘူးလား။

ဖြေ။ ။ အန်တီတို့အနေနဲ့ သယံဇာတအနေနဲ့ကျတော့ ဦးပိုင်တွေကသူတို့ သက်တမ်းမကုန်သေးဘူး အန်တီတို့အနေနဲ့ ရပ်တန့်ပါလို့ ပြောပိုင်ခွင့်မ ရှိသေးဘူးပေါ့နော။ သူတို့သက်တမ်းကရှိနေသေးတော့။

မေး ။ ။ ဟုတ်ကဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒနယ်ပြည်သူတွေအတွက်ကော ဘာတွေ လုပ်ဆောင်ပေးဖူးလဲ။ ဘာတွေမေးမြန်းပေးဖူးလဲ။

ဖြေ။ ။ ဒီတစ်နှစ်ကကျွန်မအများအားဖြင့် ကြယ်ပွင့်မပြဘဲမေးတယ်။ ကြယ်ပွင့်ပြတာကြာလို့ ကြယ်ပွင့်ပြမေးလည်းမေးတယ် မေးခွန်းတင်တဲ့အခါနည်းနည်းကြာလို့ ကြယ်ပွင့်မပြမေးတဲ့အခါကျတော့ ပိုမြန်တယ်။ နောက်ပြီးတော့ ဝန်ကြီးဆီတိုက်ရိုက်တောင်းတာလည်းရှိတယ်။ ဒီတခေါက်ဆိုလို့ရှိရင် မယ်စဲ့မြို့နယ် ပန်တိမ်း အတွက်ဆရာဝန်တောင်းတယ်။ နောက်ပြီးတော့လွိုင်ကော်တက္ကသိုလ်က မဟာဘွဲ့တက်နိုင်မဲ့လူ တွေပေါ့နော။ ခါတိုင်းဆိုရင် ဘီအီး ပြီးှတော့မဟာဘွဲ့တက်ဖို့ တက်လမ်းမရှိဘူး မန္တလေးတက်ရတယ်လေ အခုအဲ့ဟာကိုလည်းတောင်းပေးထားတယ်။နောက်ပြီးတော့ ဝန်ထမ်းအိမ်ယာ။ ၅ခု၆ခုရတယ် ထီးပေါ်ဆိုလည်းရတယ် ထီးပေါ်ဆိုကတော့ ကျောင်းဆောင်ရယ်စာကြည့်တိုက်ရယ်။ လောလောဆယ် ပြီးခဲ့တဲ့တစ်ရက်နှစ်ရက်မှာဘဲ န.တ.လ ကပေါ့နော တန်ဖိုးနည်းအိမ်ယာ ၈လုံးရတယ် ဆိုပြီးတော့မှ ပြောတဲ့အခါကျတော့ တောင်းဆိုထားပေးတာ၄လုံး ကျွန်မမဲဆန္ဒနယ်ကိုလေးလုံးရတယ်။ ၁လုံးကဒေါခူးရွာသစ် နောက်တစ်လုံးက ကေးလျားဒေါခူရွာဟောင်းဒေါခူအုပ်စုကပါပဲ။ ကေးလျားကတစ်လုံးရတယ်။ ထီးပေါ်ဆိုတစ်လုံးရတယ်။ ထီသဲကလိုးတစ်လုံးထားပေးတယ်။

မေး ။ ။ မဲဆန္ဒနယ်တွေမှာကော ဆေးပေးခန်းတွေ ဆေးတွေ ၊ ဆရာမတွေအတွက် တချို့က မလုံလောက်ဘူးကြားတယ်။ ဘယ်လိုအခြေအနေတွေလုပ်ပေးနိုင်မလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့၇လပိုင်းလောက်ကလားမသိဘူး ဆရာဝန်နဲ့တွေ့တယ်။ ဆရာမတွေကိုလည်းအားလုံးခေါ်ခိုင်းတယ်။ ဆရာမတွေ၊ ဆရာဝန်တွေ ဝန်ထမ်းတွေနဲ့တွေ့ဆုံပွဲပေါ့နော။ ဥပမာ ထီးပေါ်ဆိုမှာ ဆေးမလုံလောက်ဘူးလို့ပြောတယ်

ဟိုယာကတော့ ဆရာဝန်လိုတယ်။ ဆရာဝန်တောင်းထားပေးတယ်။ လူနာတင်ကားလည်းတောင်းထားပေးတယ်။ သွားဘက်ဆိုင်ရာလိုတဲ့ဟာဆိုရင် ဆရာဝန်တွေကို ကျွန်မကအကုန်ခေါ်ပြီးတော့ လိုအပ်တဲ့ဟာအကုန်တင်ခိုင်းတယ်။ လိုအပ်တဲ့ဟာသူတို့ တင်ပေးတယ် မလုံလောက်တာ ခွေးရူးကာကွယ်ဆေးလို့ပြောတယ်။ တချို့ကျတော့ရောဂါနဲ့မတည့်တဲ့ ဟာတွေရှိတယ်။ဥပမာ ရောဂါတမျိုးရှိမယ်ဆိုလို့ရှိရင် ဒီဆေးကမရှိဘူးပေါ့နော။ ပုံမှန်ကျတော့ သူတို့ဆေးထားထားတယ်။ တချို့ကျတော့ ရောဂါတခြား ဆေးတခြားဖြစ်နေမှာစိုးလို့ သူ့နဲ့တည့်တဲ့ဆေးက ဆေးရုံမှာမရှိရင်တော့ ဝယ်ရမှာပေ့ါ မြို့ကြီးမှာလည်းအဲ့လိုဘဲ။

မေး ။ ။ ဟုတ် …နောက်ပြီး ပြည်နယ်မှာဆို ဒေသန္တာရအမိန့်အရ တခုခုလုပ်တော့မယ်ဆိုရင် ခွင့်ပြုမိန့် ၁၅ရက်ကြိုတောင်းပြီးမှ လုပ်ရတာတွေရှိတယ်။ ဆရာမတို့ အနေနဲ့ ဒါတွေကို အကောင်းဆုံးဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ အစည်းအဝေးတွေတော့လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေသွားလာလို့ရပါတယ်။ ဆွေးနွေးပွဲတွေဘာတွေလုပ်မယ်ဆိုရင် ခွင့်ပြုချက်တင်ရမှာပေါ့။ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်တော့အခက်အခဲမရှိပါဘူး။ ဆွေးနွေးပွဲသေးသေးလေးတွေတော့ အဟန့်အတားမရှိပါဘူး။ ဒါပေမယ့်ပွဲကြီးရင်တော့တင်ပြရတယ်ပေါ့။ အန်တီတို့လည်းနောက်ပိုင်းထုတ်တဲ့အမိန့်တွေဘာတွေလည်းမသိဘူးပေါ့နော။ ဒီလိုတော့မသိလိုက်ဘူး။ မကြားလိုက်ဘူး။ရိုးရာပွဲတွေတော့ခွင့်ပြုမိန့်မလိုဘူးထင်တယ်။ ဒါပေမယ့်ပွဲတွေဘာတွေဆိုရင် တော့ခွင့်ပြုမိန့်တောင်းရမယ်ဆိုတာတော့ရှိတယ်။ ဥပမာအန်တီတို့က အမျိုးသမီးနဲ့ဆိုင်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတွေဘာတွေလုပ်တယ် ကိုယ့်ရုံးမှာဘဲလုပ်တယ်ဆိုရင်တော့ ခွင့်ပြုမိန့်တွေဘာတွေဘာမှ ခွင့်ပြုမိန့်တောင်းစရာမလိုဘူး။

မေး။ ။ ကိုယ်စားလှယ်အနေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒနယ်အတွက် အလုပ်လုပ်ပေးတဲ့အခါမှာ ဘာအခက်အခဲတွေရှိလဲ။

ဖြေ။ ။ အခက်အခဲဆုံးဆိုတာက ကိုယ်နဲ့သိပ်မအပ်စပ်တဲ့ဟာ ဥပမာနိုင်ငံရေးတွေ အခက်အခဲဆုံးဆိုတာကတော့ရှိတာ့ရှိတယ် ဒါပေမယ့်အန်တီကတစ်ခါမှမမေးဖူးဘူး။ မေးချင်တယ်ဒါပေမယ့်မေးလို့မရတဲ့ဟာတွေရှိတယ်။ ဘာတွေလဲဆိုတော့ ဥပမာ နိုင်ငံရေးနဲ့ဆိုင်တဲ့ဟာဆိုတော့ ဥပမာလက်နက်ကိစ္စတွေဘာတွေ ။နောက်ပြီးတော့လက်နက်ခဲယမ်းတွေနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော။ မေးတော့မေးချင်တယ်။ ကျမတို့မှာမေးပိုင်ခွင့်မှရှိဘူး။ ဒါပေမယ့်မမေးထားဘူး။ မူးယစ်ဆေးဝါးတွေတော့မေးလည်း မေးကြတယ်။ ဒါပေမယ့်ကျမကတော့မမေးထားဘူး။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ ၂၀၂၀အတွက်တော့ အခုလက်ရှိကိုယ်လုပ်ထားတဲ့ ဟာတွေပဲ ဘယ်လိုပြောရရမလဲ ပြည်သူလူထုသိပြီးပါပြီ။ အဲ့လောက်လုပ်ပေးထားတယ်ဆိုတော့။ အန်တီတို့ကမနူမနောလေ ဒီလွှတ်တော်ကိုယ်စားလှယ်ထဲမှာ မနူမနောဆို အန်တီတစ်ယောက်ထဲဘဲရှိတယ်လေ။ သူတို့ကတော့တောင်းဆိုထားတာပေါ့။ ဘယ်လိုလာမလဲတော့မသိပါဘူး ဘယ်ဟာမှအပိုင်ပြောလို့မရပါဘူး။ ကိုယ့်လူမျိုးတော့ ကိုယ့်ကိုတောင်းဆိုထားတာပေါ့။

spot_img
spot_img

Recent posts