spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုကို ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးသီးတွေအသုံးပြုတိုက်ခိုက်၊ စာသင်ကျောင်းအပါအဝင် နေအိမ်များပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မေလ(၁၄)ရက်နေ့ကနေ ဒီကနေ့ (မေလ ၁၉ရက်) အထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီကနေ လေကြောင်းဗုံးကြဲတိုက်ခိုက်နေသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေလည်း ပေါင် ၅၀၀အလေးချိန်ရှိတဲ့ ဗုံးသီးတွေကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက်က သတင်းပေးပို့ပါတယ်။

“ မေလ ၁၄ရက်နေ့ကတည်းက ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီးတော့မှ အဲဒီကြားထဲမှာဆိုလို့ရှိရင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေ ပစ်ခတ်တာတွေရှိတဲ့အပြင် ကျေးရွာတွေထဲ နဲ့ စစ်ရှောင်စခန်းတစ်ခုကိုလည်း လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေ ပြီးတော့မှ နေအိမ် ထိခိုက်ပျက်စီးတာတွေ ရှိတယ်ပေါ့နော။ “ လို့ ကန္တာရဝတီတိုင်း(မ်) မြေပြင်သတင်းထောက်မှ သတင်းပေးပို့လာပါတယ်။

စစ်ကောင်စီဟာ မေလ (၁၈) ရက်နေ့ မနက် ၄နာရီအချိန်မှာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သလို မေလ (၁၇)ရက်နေ့ မနက်စော ၃နာရီခွဲအချိန်မှာလည်း အနီးနားက ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဆိုပါကျေးရွာအတွင်းကို ပစ်ခတ်တိုက်ခိုက်မှုမှာ ဒေသခံတွေကကြိုတင်တိမ်းရှောင်နေခဲ့ကြတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိပေမဲ့ စာသင်ကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

မေလ (၁၄)ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တနီးလားလဲကျေးရွာအနီး ကန်ခုနစ်ဆင့်ဖက်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ဒီကနေ့အချိန်ထိ ၆ရက်ဆက်တိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ ဒီမနက်မှာဆိုလို့ရှိရင်လည်း မနက် ၆နာရီလောက်က စတယ်ပေါ့နော။ တိုက်ပွဲတွေ အရမ်းပြင်းထန်နေတယ်။ လက်နက်ကြီးတွေလည်း တအားကျနေတယ်။ ကျေးရွာတွေထဲမှာ လက်နက်ကြီးတအားကျနေတယ်။ ပြီးတော့ စစ်ကောင်စီက မောင်းသူမဲ့ ကင်းထောက်နဲ့လေ အဲဒါတွေ ကင်းထောက်တာတွေ လုပ်တယ်။ မနေ့ကဆိုလို့ရှိရင် မနက်ကတည်းကနေ ဟိုးနေ့လည်အထိ သူတို့ ကင်းထောက်တယ်ပေါ့။ ဒီနေ့လည်း ထပ်လာ ကင်းထောက်တယ်။ ” လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်က ပြောပြလာပါတယ်။

စစ်ကောင်စီအတွက် အဓိကျတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို မတ်လအစောပိုင်းကတည်းက လွိုင်ကော်မြို့နယ် နဲ့ ဘောလခဲမြို့နယ်တို့ကနေ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာ အခုဆိုရင် နှစ်လကျော် ရှိလာနေပြီ ဖြစ်ပါတယ်။ နှစ်လကျော်တိုက်ပွဲအတွင်း စစ်ကောင်စီကနေ လေကြောင်း၊ ကြည်းကြောင်းနဲ့ အပြင်းထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်းအပါအဝင် ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှုက (၁၀၀) ကျော်ရှိနေပြီး စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့်လည်း ပြည်သူနေအိမ်၊ ဆိုင်ကယ်၊ ကား၊ စက်တွေ ပျက်စီးသွားခဲ့ရတာတွေ ရှိနေပါတယ်။

spot_img
spot_img

Recent posts