spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ခါနာန်ဆေးရုံမှာ ဆေးဝါးကိရိယာ လိုအပ်ချက်ရှိနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ခါနာန်ဆေးရုံမှာ လူနာတွေကို ကုသပေးဖို့ ဆေးဝါးနဲ့ ဆေးကုသရေးကိရိယာတွေ လိုအပ်နေသေးတယ်လို့ ကုသရေးပိုင်းမှာကူညီပေးနေတဲ့ ပရဟိတ ဆေးဆရာမ တစ်ဦးက ပြောပါတယ်။

လူနာတွေကို ကုသပေးဖို့ ဆေးဝါးနဲ့ ကိရိယာတွေ မရှိတာကြောင့် တစ်ခြားဆေးရုံတွေကို လွဲပေးလိုက်ရတဲ့ လူနာတွေ အများကြီး ရှိနေတယ်လို့ ပရဟိတ ဆေးဆရာမက ဆက်ပြောပါတယ်။

“ သက်ကြီးပိုင်းနဲ့ ထိခိုက်ဒဏ်ရာပိုင်းအတွက် ပစ္စည်းမရှိဘူး။ အစွန်းစွန်ပြောမယ်ကွာ။ ကျမတို့ ကလေးမွေးမယ်ဆိုရင်တော့ အခုလောလောဆယ် ကလေးမွေးပေးဖို့ ပစ္စည်းက မရှိဘူး။ အဲ့လိုမျိုးဖြစ်နေတယ်။ ဆိုတော့ အကုန်လုံး လွဲရတယ်ပေါ့နော။ နှာစီး၊ချောင်းဆိုကလွဲရင်။“ လို့ အဆိုပါ ပရဟိတ ဆေးဆရာမ ကပြောပါတယ်။

ဆေးဝါးတွေကို ဝယ်ယူတဲ့အခါမှာလည်း အချိန် နှစ်ပတ်သုံးပတ်အထိ ကြန့်ကြာနေတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူနာတွေအတွက် ( ultrasound ) အာထရောင်ဆောင်းနဲ့ လူနာတင်ကား လည်းလိုအပ်နေသေးတယ်လို့ ပရဟိတ ဆေးဆရာမက ဆက်ပြောပါတယ်။

ခါနာန်ဆေးရုံဟာ ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို (DMO-PDF ) ကနေ ဦးဆောင်ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၄ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

နေ့စဉ် တနင်္လာကနေ သောကြာနေ့အထိ မနက် ၈နာရီကနေ ညနေ၄နာရီအထိ ဖွင့်လှစ်ပြီး ကျန်းမာရေးဌာနက CDM ဆရာဝန်၊ သူနာပြု၊ သားဖွားတွေက ကုသပေးနေတာဖြစ်ပါတယ်။

တစ်ရက်ကို လူနာ ပျှမ်းမျှ လူနာ ၃၀လောက်အထိ ကုသပေးနေပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့ကို အရေးပေါ်လူနာတွေသာ လက်ခံကုသပေးတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့် အခက်အခဲတွေရှိနေကြပါတယ်။

spot_img
spot_img

Recent posts