spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှာ ယခုချိန်ထိ အိမ်တွင်းပစ္စည်း ခိုးယူခံနေရဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါပိုးစီကနေ ငွေတောင်အထိ နေထိုင်သူတွေမရှိတော့တဲ့ ကျေးရွာတချို့မှာ ယခုအချိန်ထိ နေအိမ်ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူခံနေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်တွင်းပစ္စည်း အားလုံးကို ခိုးယူသွားတာဖြစ်ပြီး နေအိမ်ဟာ အခွံသက်သက်ပဲကျန်တော့တယ်လို့ နေအိမ်ပြန်ကြည့်တဲ့ ဒေသခံစစ်ရှောင် တစ်ဦးက ပြောပါတယ်။

“အိမ်အခြေနေကတော့ ဘယ်လိုပြောရမလဲ။ ဘာမှမကျန်တော့ဘူး။ ကျနော်တို့ စစ်ရှောင်နေရင်းနဲ့ ပြန်လာရင်လည်း အိမ်ထောင်ခွဲစလိုမျိုးပဲပေါ့။ ရင်နာစရာပဲဖြစ်မှာပေါ့။ အိမ်ပြန်လာကြည့်ရင်လည်း မီးမလောင်ရုံတမယ် အိမ်အခွံပဲကျန်တယ်။” လို့ နေအိမ်ပြန်ကြည့်တဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ခိုးယူသူတွေဟာ နေအိမ်နဲ့ ခြံဝန်းအတွင်းက သံတိုသံစ ၊ အ၀တ်အစား၊ အိုးခွက်ပန်းကန်၊ ထိုင်ခုံ၊ စားပွဲ၊ စက်ပစ္စည်း၊ မီတာဘောက်၊ မီးကြိုး၊ သစ်တိုင်များ၊ တီဗီ စတဲ့ အိမ်တွင်းရှိ ပစ္စည်းမှန်သမျှ အားလုံးကို ခိုးယူသွားကြတယ်လို့ သိရပါတယ်။

ယခုလို ခိုးယူသူတွေဟာ မည်သူမည်၀ါမှန်းမသိရပေမဲ့ လွိုင်ကော်ဘက်ကနေ ဒီးမော့ဆိုကို ဦးတည်ရောက်လာပြီး ပစ္စည်းယူသွားတာကို မြင်လိုက်တယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ခိုးယူသူတွေဟာ ဆိုင်ကယ်၊ တွန်းလှည်း၊ ဒန်ဘာ ကား၊ ဟိုက်ဂျက်ကား တို့နဲ့ ပစ္စည်းသယ်ဖို့ လာကြတယ်လို့သူက ပြောပါတယ်။

“အတင့်ရဲတယ် ပြောရမှာပေါ့နော။ သူက ကားတွေနဲ့တောင်မှ တင်တယ်။ တိုင်တွေ၊ အဆောက်အဦး ဆောက်လို့ရတဲ့ ပစ္စည်းအကြီးကြီးတွေကျတော့ ဒန်ဘာ ကားတွေနဲ့တင်တယ်။” လို့ မျက်မြင်တွေ့ရတဲ့ ဒီးမော့ဆိုဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဒီးမော့ဆိုမြို့နယ်ထဲက လူမနေတော့တဲ့ နေအိမ်တွေ၊ လမ်းတွေမှာ ခြုံထူထပ်နေပါတယ်။
ဒီးမော့ဆို မြို့နယ်က ဒေသခံအများစုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တည်းက နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ၂ သိန်းခွဲကျော်ရှိနေပြီး ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင် ဦးရေအများဆုံး ဖြစ်ပါတယ်။

spot_img
spot_img

Recent posts