spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် ကဖု ကျေးရွာရှိ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်

Author

Date

Category

ကယားပြည်နယ် ဒီးမော့ဆိုမြို့ နောင်ပုလဲ ကျေးရွာ အုပ်စု (၄) မိုင်၊ ကဖု ကျေးရွာမှာ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ယနေ့ မနက်( ၀၁-၀၀)နာရီ အချိန်မှာ မီးစတင်လောင်ခဲ့တာဖြစ်တယ်လို့ ခန့်မှန်းရပြီး ( ၀၁-၅၀ ) နာရီ အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့ နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

မီးလောင်မှုက ညနေထမင်းချက်ပြီး မီးမငြိမ်းသတ်ဘဲ ချန်ထားခဲ့တဲ့ မီးကြွင်း မီးကျန်ကနေတစ်ဆင့် လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

မီးလောင်မှုကြောင့် ၂၄ပေ × ၁၈ ပေ ပျဉ်ထောင်၊ သွပ်မိုး အိမ်တစ်လုံး နဲ့ ၁၀ ပေပတ်လည် မီးဖိုချောင်တစ်လုံး ပျက်စီး ဆုံးရှုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိတာတွေတော့ မရှိဘူးလို့ ဒီးမော့ဆိုမြို့ နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး မြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒီးမော့ဆို မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၂) စီး နဲ့ ငွေတောင် နယ်မြေ မီးသတ်စခန်းမှ မီး ငြိမ်းသတ်ယာဉ် (၁) စီး တို့ သွားရောက် ငြိမ်းသတ်ခဲ့ပါတယ်။

မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ( ၁၄ )ဦး နဲ့ ရပ်ကွက်ထဲက အရန် မီးသတ်တပ်ဖွဲ့ဝင် ( ၄ ) ဦး တို့ ဖြင့် လူအင်အား (၁၈) ဉီး ငြိမ်းသတ်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အတွင်း ဒီးမောဆို မြို့နယ်မှာဆိုရင် မီးလောင်မှု တစ်ခုရှိနေပြီဖြစ်ပြီး အရင်နှစ် ၂၀၂၀မှာကတော့( ၃ ) လပိုင်းချိန်မှာ ကွိုင်ငံ ရွာဟောင်း ကျေးရွာ မှာ မီးလောင်မှု တစ်ခုရှိခဲ့ ပါတယ်။

နွေဉီးရာသီ ရောက်လာပြီ ဖြစ်တဲ့အတွက်လည်း ပြည်သူတွေအနေနဲ့ မီးဘေးကို ကြိုတင်ကာကွယ်ဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို အိမ်တွင်းနဲ့ အိမ်အနီးတစ်ဝိုက်မှာ မထားဖို့၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေကို မီး လောင်မှုဖြစ်စေတဲ့ ပစ္စည်း အသုံးမပြုခိုင်းဖို့၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင် စတာတွေကို အောက်ခံခွက် မပါဘဲ အသုံးမပြုဖို့၊ တောမီးတွေကိုလည်း မရှို့ဖို့ စတာတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

မီးလောင်မှူတွေ ဖြစ်ခဲ့ရင်လည်း မီးသတ်ဦးစီးဌာနကို ချက်ချင်း အကြောင်းကြားရမှာ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts