spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဝက်နာကျပြီး သေဆုံးမှုရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ဝက် အများအပြား ရောဂါဖြစ်ပွားပြီး သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဝက်၃ကောင်မွေးထားတယ်။ တစ်ကောင်ကဖျားတာ ငါးရက်ရှိပြီ။ တစ်ကောင်ကနှစ်ရက်ဘဲရှိသေးတယ်။ ဆေးကိုးလုံးထိုးပေးတယ်။ မသက်သာဘူး သေသွားတယ်။ စားလဲမစားရဲဘူးလေ သွားမြုပ်လိုက်တယ်။ အစာစားသေးတဲ့ တစ်ကောင်ကိုတော့ ပေါ်စားလိုက်တယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဝက်နာကျ ပြီးမသေဆုံးခင်မှာ ဝက်အများစုက အစာမစားခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း စတဲ့ လက္ခဏာတွေကိုတွေ့ရပြီး ၃ ရက်ကနေ တစ်ပတ်အတွင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဝက်နာကျမှုမရှိခဲ့ပေမယ့်၊ ဒီနှစ်မှာတော့ စက်တင်ဘာလအစောပိုင်းကစပြီး အဲ့ဒီကျေးရွာမှာ ဝက်နာကျပြီး သေဆုံးတာတွေ ဆက်တိုက် ရှိနေတယ်လို့ ဆိုပါတယ်။

” သူများဟာလဲအများကြီးဖျားကြတယ်။ အများကြီး ဒိုင်တွေဆီသွားအပ်ကြတယ်။ ဒိုင်လဲမယူဘူး အဲ့တော့ ကိုယ့်ဟာကို ပေါ်စားလိုက်တာဘဲ။” လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဒေသခံတွေဟာ စီးပွားဖြစ်နဲ့ သာရေး၊ နာရေးအတွက် ဝက်တွေကို အဓိက မွေးမြူကြတာဖြစ်ပြီး ဝက်နာကျသေဆုံးနေတာကြောင့် အခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။

ထပ်မံကူးစက်မှုမဖြစ်ပွားအောင် နေကောင်းကျန်းမာတဲ့ဝက်နဲ့ နေမကောင်းတဲ့ဝက်ကို သီးခြားထားသလို ကာကွယ်ဆေးထိုးထားကြပေမယ့်လည်း နေမကောင်းဖြစ်တဲ့ဝက်တွေက များပြားနေတယ်လို့ ပြောပါတယ်။

spot_img

Recent posts