spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့မှာ နှစ်သစ်ကူးကာလအတွင်း ၄ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ်မှာ ဒီဇင်ဘာလ ၃၁ရက်နေ့ကနေ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ထိ ၄ရက်ဆက်တိုက် တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး KNDFရဲဘော်တစ်ဦး၊ KAရဲဘော်တစ်ဦး၊ LK-PDF တစ်ဦး၊ DMO-PDFတစ်ဦး ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့မှာလည်း စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၃၀ကျော်ဖြစ်ပွားခဲ့တယ်လို့ KNDF က ဇန်နဝါရီ(၂)ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း KNDF ဘက်က သေဆုံးသူ ၁၄ဦး ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီနဲ့ စစ်ရေးအရှိန်မြင့်လာနိုင်တဲ့အတွက် ခရီးသွားလာခြင်းမပြုကြဖို့ KNDF က ဇန်နဝါရီလ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img