spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီလက်နက်ကြီး လေးလုံးထက်မနည်း ပစ်ခတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဩဂုတ်လ ၁၆ ရက် ) မွန်းလွဲ (၃)နာရီကျော်အချိန်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ကျနော်တို့ အသံကြားတာကတော့ ဒီ သုံး၊ လေး လုံးလောက်ကျနော်တို့ကြားတယ်။ လေးလုံးပေါ့နော် လေးလုံးလောက်ကြားတယ်။ဒါပေမဲ့ လုံးဝကျတာကတော့ (၃)နာရီခွဲ မှာ ကျတယ်ပေါ့။ အဲ့မှာ ကမန်းကတမ်း မြန်မြန်ပြေးရတယ်ပေါ့နော်။ ” လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာနေထိုင်သူ တစ်ဦးကပြောပါတယ်။

လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံတွေရဲ့နေအိမ်နဲ့ လူတွေထိခိုက်တာ မရှိဘူးလို့လည်း သူကပြောပါတယ်။

အခုလိုပြည်သူတွေနေထိုင်တဲ့ အနီးအနားနေရာတွေမှာ လက်နက်ကြီးကျတဲ့အတွက် ကြောက်စိတ်၊ စိုးရိမ်မှုကို ခံစားရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

” ဘယ်သူမဆိုတော့ သေမှာ ကြောက်ကြတဲ့ သတ္တဝါတွေပဲပေါ့နော်။ဒါပေမယ့် ကျွန်တော်တို့ အဲ့မှာဟင်းချက်နေတာပေါ့နော်။ကလေးတွေလည်းရှိတယ် ဟင်းချက်နေတဲ့အချိန်မှာ လက်နက်ကြီး အသံတောင်မှ ပန်ကာသံမျိုးကြားပြီးတော့ လုံးဝဒီမှာဆိုတာ သေချာတယ်ကွာ ဒီနားတစ်ခွင်ကျမယ်ဆိုတာ သေချာတော့ ကမန်းကတမ်း ထပြေးရတယ်ပေါ့နော်။ ကလေးဆိုလည်း ချီတဲ့လူကချီရတယ် ပစ္စည်းတောင်မှ ဘားမှမယူပဲနဲ့ ဒီတိုင်းကိုပြေးချသွားတာပေါ့နော်။ အဓိက ကိုယ့်အသက်ပဲပေါ့။ မကျေမနပ်မှုကတော့ ဒါကတော့တမင်သက်သက်စစ်ရှောင်တွေကိုပဲ လိုက်မဲနေတယ်လို့ ခံစားရတယ်ပေါ့နော်။ ကျွန်တော်တို့က ပြည်သူထဲက ပြည်သူပဲလေနော် ” လို့ သူက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ပတ်ခန့်ရှိနေပြီး စစ်ကောင်စီက လူထုရှိရာတွေကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုရှိနေတာကြောင့် ဒေသခံတွေ စစ်ရှောင်တွေ နေထိုင်တဲ့ အနီးအနားတွေမှာ ကျရောက်တာတွေရှိနေတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts