spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ယာဥ်လိုင်းကို IEC ပြေးဆွဲ

ကန္တာဝတီတိုင်း( မ် )

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ ကိုသွားမယ့် ယာဥ်လိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစ ပြေးဆွဲနေပြီလို့ ကရင်နီပြည်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ( IEC ) က ပြောပါတယ်။

ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ IEC ယာဥ်လိုင်းကို ပြေးဆွဲနေတာဖြစ်ပါတယ်။

“ပို့ဆောင်ရေး ဌာနစိပ်ကနေတော့ ခုယာဉ်လိုင်းပြေးဆွဲပေးမှုတွေစနေတာပေါ့ ပြီးရင် ဌာနခွဲအလိုက် စုပေါင်းပြီး လုပ်ငန်းဗျူဟာတွေချမှတ်ရေးဆွဲနေဆဲပါ။ ပြီးရင်တော့ ကရင်နီပြည်အတွက် လုပ်နိုင်တာတွေတဆင့်ချင်းဆက်လုပ်ဖို့လုပ်နေပါတယ်။” လို့ IEC ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှူ နှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနမှ ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက ကန္တာရ၀တီတိုင်း(မ်) ကိုပြောပါတယ်။

ခရီးစဥ်ကို တစ်ပတ် ၄ ရက်ပြေးဆွဲသွားမှာဖြစ်ပြီး တစ်ဦးလျှင် ကားခ ၃ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ယာဉ်လိုင်း စတင်ပြေးဆွဲနေပြီး ရလာမယ့် အမြတ်ငွေတွေကိုတော့ IEC ဘဏ္ဍာငွေထဲကနေ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားမှု အခြေအနေကို သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး သံချောင်းက အခုလိုပြောပြပါတယ်။

“ကျနော်တို့ လမ်းလုံခြုံရေးကတော့ ဒီယာဥ်မောင်းတွေနဲ့တော့ သူလုံခြုံမှုတော့ ရှိမယ်။ ကောင်းကင်ဘုံက ကြဲချလာတဲ့ ဟာတွေကတော့ ကျနော်တို့ မတတ်နိုင်ဘူးပေါ့နော။ တွေ့တယ်သိတယ်။ မြင်တယ်ကြားတယ်။ ဆိုတာလောက်နဲ့ ရှောင်မယ်ပုန်းမယ် ဒီလောက်ပဲ ရှိတယ်ပေါ့နော။ ၁၀၀ ရာခိုင်နှုန်း
လောက်တော့ လုံခြုံမှုမပေးနိုင်ဘူးပေါ့နော။ အတတ်နိုင်ဆုံးတော့ အန္တာရာယ်ကင်းမယ့်လမ်းတွေ မောင်းပေးမယ်။ အန္တာရာယ်ကင်းမယ့် နေရာတွေကို နားပေးမယ်။ အဲ့လောက်ပါပဲ။” လို့ သူက ပြောပါတယ်။

IEC ကနေ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖွဲ့စည်းပြီး ဌာနမှူးကြီး နဲ့ ဒုတိယဌာနမှူးကြီး ၄ဦးကို ခန့်အပ်ထားကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img