spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းတချို့မှာ ရေရှားပါးမှုကြောင့် လှိုင်ဂူအတွင်းက ရေကို စုပ်ယူသုံးစွဲနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ တောတောင်အနီးအနားက စစ်ရှောင်စခန်းတချို့မှာ ရေရှားပါးမှုကြောင့် အနီးအနားက လှိုင်ဂူထဲက ရေတွေကို စုပ်ယူသုံးစွဲနေရတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးကပြောပါတယ်။ အဆိုပါ လှိုင်ဂူအတွင်းက ရေဟာ ထုံးဓတ်တွေများနေတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်သလို သောက်သုံးရ အဆင်မပြေဘူးလို့လည်း ဆိုထားပါတယ်။

“လူကများလာတာပေါ့ အဲ့တော့ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ ခါကျတော့ တောင်ပေါ်ဒေသတွေဆိုတော့ ရေလှိုင်ဂူကနေပဲ ရယူတာပေါ့။ ရေအခက်အခဲမှာ ဘယ်လိုတွေ ရှိနိုင်လဲဆိုတော့ ကြာလာရင် ဆိုးဆိုးဝါးဝါးတော့ ဖြစ်မယ်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ရေတွေက ထုံးဓာတ်တွေ တအားများတယ်လေး။“ လို့ စစ်ရှောင်ကူညီသူ တစ်ဦးကပြောပါတယ်။

နွေဦးရာသီရောက်လာပြီဖြစ်တာကြောင့် ရေရှားပါးမှုတွေစတင်ကြုံတွေ့လာရသလို ရေရှားပါးတဲ့နောက်ဆက်တွဲအနေနဲ့ တကိုယ်ရေသန့်ရှင်းရေး အားနည်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေတာရှိတယ်လို့လည်း ဆိုထားပါတယ်။

“နောက်ဆက်တွဲ ကျန်းမာရေး ခါကျတော့ ဒီ ဝမ်းလျောဝမ်းပျက် ၊ဖျားနာတာတွေ ဗိုက်အောင့်တာတို့ နာမကျန်းဖြစ်တတ်တာပေါ့နော်။ အဲ့ဒီက ကျနော်တို့ ဆေးကုသမှုပိုင်းလဲ ခနခဏ ဝင်ပေးရတာပေါ့နော်။ ဒီပြဿာနာက တော်တော်ဖြစ်နေတယ် ကလေးနဲ့ လူကြီးတွေပေါ့။” လို့ စစ်ရှောင်ကူညီသူ တစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ရှိနေပြီး စစ်ဘေးရှောင်စခန်းတစ်ခုမှာ အိမ်ခြေ ၁၀၀ ကျော်ထိရှိနေသလို လူဦးရေ ၃ထောင်ဝန်းကျင် နေထိုင်ကြတာကြောင့် သောက်သုံးရေ အတွက် အခက်အခဲရှိနေကြပါတယ်။

သောက်သုံးရေဝယ်ယူနိုင်ဖို့အတွက် စစ်ရှောင်စခန်းတွေမှာ အလှူရှင်က ထောက်ပံ့ပေးတဲ့ငွေကြေးနဲ့ဝယ်ယူသုံးစွဲနေရတာရှိပြီး စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် ရေရှည်မှာ ပိုမိုခက်ခဲလာနိုင်တယ်လို့ စစ်ရှောင်တွေကပြောကြပါတယ်။

spot_img

Recent posts