spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါညေးခူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၃ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ဧပြီလ ၇ရက်နေ့ နံနက် ၉နာရီအချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီး လမ်းကင်းချနေတဲ့ စစ်ကောင်စီတပ်သားကို ‌ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားပါတယ်။

KA၊ KNDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ရက်နေ့မှာလည်း KNDF B-15၊ KNDF B-04 တို့ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုအုပ်စုအတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၃ရက်နေ့နဲ့ ၄ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၆ဦး သေဆုံးခဲ့ပါတယ်။ ဧပြီလ ၅ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာက နေအိမ်တချို့ကို စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့ပါတယ်။

spot_img
spot_img