spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅ နှစ်အောက် ကလေးငယ် ၂၅ ရာခိုင်နှုန်းခန့် အာဟာရချို့တဲ့နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံက ယာယီလက်ခံထားပေးတဲ့ ဒေါနိုးကူး စစ်ရှောင်စခန်းက ၅ နှစ်အောက် ကလေးငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့နေတယ်လို့ စစ်ရှောင်စခန်းရဲ့ ဆေးပေခန်း ဒု- တာဝန်ခံ ဆရာမ ငါးမယ်(ရိုစီ) ကပြောပါတယ်။

“အများရှိတော့ ကျမတို့ ဒီတိုင်းဆက်နေသွားမယ် ဆိုရင်တော့ ဖြစ်ပွားမှုက ဆက်ရှိနေအုံးမယ်။ ကျမထင်တာပေါ့နော် အများအားဖြင့်က ၃နှစ် ၄ နှစ် အရွယ် မှာ အဖြစ်များတယ်။ တချို့ဆိုရင် ၅ နှစ်တောင်ဝင်နေပြီး မကြီးထွားတော့တာ။ ၃နှစ် အရွယ်လောက်ပဲ ရှိနေတာမျိုး ရှိနေတယ်ပေါ့နော်။ “ လို့ ဆရာမ ငါးမယ် (ရိုစီ) ကပြောပါတယ်။

အဆိုပါ ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်စုစုပေါင်း ၂၄၇ ဦးရှိပြီး အာဟာရချို့တဲ့ကလေးငယ် ၆၁ ဦး ရှိနေတာကြောင့် အာဟာရချို့တဲ့မှုနှုန်းက ၂၅ ရာခိုင်နှုန်းခန့်ရှိနေတာပါ။ အဲဒီအာဟာရချို့တဲ့တဲ့ ကလေးငယ်တွေထဲမှာ ၂၄ဦးက ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုရှိနေတယ်လို့ ဆရာမငါးမယ် (ရိုစီ) ကဆိုထားပါတယ်။

စားရေးသောက်ရေးအတွက် အိမ်ထောင်စုအလိုက် ချက်ပြုတ်စားသောက်ကြရတာမဟုတ်ပဲ ရပ်ကွက်အလိုက် စုပေါင်းပြီး ချက်ပြုတ်စားသောက်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရက်ကို ၂ နှပ်သာ စားရပြီး ကလေးတွေအတွက် အာဟာရရှိမယ့် အစားအစာတွေကိုလည်း မချက်ပြုတ်ပေးနိုင်ဘူးလို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒီမှာနေတာကြာပြီး စားစရာတွေ မလုံလောက်ဘူး။ ကျနော်တို့ ကိုယ်တိုင်လဲ ပေးမချက်ဘူး။ ကျနော်တို့ ကိုယ်တိုင် ချက်ပြုတ်ရင် အာဟာရဓာတ် ရှိနိုင်မယ်။ ကျနော်တို့ကလေးတွေကို ချက်ကျွေးလို့ရတာပေ့ါနော်။
ကိုယ်တိုင်ချက်လို့ မရတာကြောင့် တစ်ရက်ဆိုရင် ထမင်းနှစ်နပ်ပဲစားရတယ်။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စားနပ်ရိက္ခာတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေကနေ ကူညီထောက်ပံ့ထားပေမဲ့ ကလေးငယ်တွေအတွက် လုံလောက်တဲ့ အာဟာရတွေ မရရှိဘူးလို့ သိရပါတယ်။

“ကျမတို့ ဒေါနိုးကူး (ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းအဟောင်း) နေတဲ့အချိန်ကတော့ ကျမတို့ သူတို့တွေပေးတာ တစ်လဆို အာဟာရဓာတ်မှုန့်ကို နှစ်ခါလောက် ထောက်ပံ့ပေးတာပေါ့နော်။ တစ်လတစ်ခါဆို ပုံမှန် ကီလိုချိန်ပေးနေတာပေါ့နော်။ ကျန်းမာရေးလဲ ပုံမှန် စစ်ဆေး ပေးရတာပေါ့နော် ။ကျမတို့ ဒီမှာပြေးလာတဲ့ ၃ လထဲမှာ သူတို့တွေလဲ မရရှိတော့ဘူးပေါ့။” လို့ ဆရာမ ငါးမယ် (ရိုစီ) ကပြောပါတယ်။

ဒေါနိုးကူးစစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ နေ့ည သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာသူတွေ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts