spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ဆယ်ကျော်သက်အရွယ်တွေ အရေပြားယားနာမှု အဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ထိုင်း – ကရင်နီနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေ အ‌ရေပြားယားနာမှု အဖြစ်များနေတယ်လို့ သိရပါတယ်။

“အများအားဖြင့် ကလေးရယ်လို့တော့ မဟုတ်ဘူးပေါ့နော် ဒီဆယ်ကျော်သက် ကျောင်းနေတဲ့ကလေး အရွယ်တွေမှာ ပိုပြီးတော့မှဖြစ်တယ်။ အဆောင်နေတဲ့ ကလေးတွေဆို ပိုပြီး ဖြစ်တယ် အများအားဖြင့်က‌ ယောင်္ကျားတွေ ပိုပြီးတော့ ဖြစ်တယ် မိန်းကလေးလည်း မဖြစ်ဘူးလို့လဲ မပြောပါဘူး ဒါပေမယ့် သူတို့က ပိုပြီးနည်းတာပေါ့နော်” လို့ ဒေါနိုးကူးဆေးခန်းရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်ပွားတဲ့ လက္ခဏာတွေကတော့ ခန္ဓာကိုယ်အနှံ့ယားယံတာ၊ ခြေထောက်တွေမှာ အနီဖုတွေ ထွက်နေတာ၊ အရည်ကြည်ဖုထွက်တာ၊ အပြည်တည်တာ ၊ ယောင်ရမ်းတာတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

အရေပြားယားနာမှုကြောင့် ဆေးခန်းမှာ လာရောက်ပြသသူ တစ်ရက်လျှင် ၁၀ဦးထက်မနည်းရှိနေပြီး တလအတွင်း လူဦးရေ ၁၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အရေပြားယားနာကြတာဟာ မသန့်ရှင်းတဲ့ ရေကိုသုံးစွဲနေကြတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေါနိုးကူးဆေးခန်းရဲ့တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ဒီဒေါနိုးကူးမှာက ရေလို့ပဲ ကျမတို့တွေ့တာပေါ့နော်။ ရေဆိုလို့ရှိရင် ရေပိုင်းကနေ လာတဲ့ရေတောင်မှ နောက်ကျိနေတယ်။ တစ်ခါတစ်လေဆို အမှိုက်တွေပဲ အဲ့လိုမျိုး ပုံးတွေနဲ့ ခပ်ကြည့်တာ ကျမတို့တွေ့ရတာပေါ့နော်။ ပုံးအောက်ဖက်မှာဆို ဖုန်မှုန့် တစ်ဝက်လောက် ရှိတယ် အဲ့လိုမျိုးဆိုတော့ ကျမတို့က ရေကြောင့်လို့ပဲ သုံးသပ်လို့ ရတာပေါ့နော်” လို့ သူက ပြောပါတယ်။

ဒေါနိုးကူးစစ်ရှောင်စခန်းမှာ အရေပြားယားနာဖြစ်တဲ့သူတွေ များပြားနေပြီး တစ်လ၊ နှစ်လအတွင်း သက်သာပျောက်ကင်းသူတွေရှိသလို နှစ်နဲ့ချီပြီး အရေပြားယားနာ ဖြစ်ပွားသူလည်း ရှိနေဆဲလို့ သိရပါတယ်။

spot_img
spot_img

Recent posts