spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

နိုင်ငံရေးနဲ့ ကိုဗစ်အခြေအနေအရ ကေထျိုးဘိုးပွဲ အကျဉ်းချုပ်သာကျင်းပကြ

Author

Date

Category

ကယားလူမျိုးတွေရဲ့ ရိုးရာတွေထဲကတစ်ခုဖြစ်တဲ့ ကေထျိုးဘိုး ‌( ခေါ်) တံခွန်တိုင်ပွဲကို နှစ်စဉ်ကျင်းပကြရပါတယ်။ သို့ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ကျေးရွာတိုင်းမှာ အကျဉ်းချုပ်သာ ကျင်းပကြပါတယ်။

ကေထျိုးဘိုးပွဲကို တစ်နှစ်တစ်ကြိမ် မဖြစ်မနေ ကျင်းပကြရတာ ဖြစ်ပြီး အကျဉ်းချုပ်သာ ကျင်းပဖြစ်ရပုံကို ကယားပြည်နယ် ကေထျိုးဘိုးဆိုင်ရာ ပြည်နယ်ဂေါပက အဖွဲ့ချုပ် စာရင်းစစ်အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဦးတီရယ်ထွန်းတင်က ပြောပါတယ်။

” ပြည်နယ်ဂေါပက အဖွဲ့ချုပ်ကနေ စာထွက်ပြီးတော့ တိုက်နယ်ပွဲတို့ ပြည်နယ်ပွဲတို့ ဒီတစ်နှစ်ဟာ ခဏရပ်ထားပြီး ကိုယ့်ရပ်ကွက်နဲ့ ကိုယ် အကျဉ်းချုပ် လောက်ပဲ ဆောင်ရွက်ကြပါဆိုတဲ့ အတိုင်းအတာပေါ့။ ဒီပွဲဟာ မလုပ်လည်း မဖြစ်ဘူး တစ်နှစ်တစ်ကြိမ် ပုံမှန်လုပ်ရတာ ဖြစ်ပါတယ်။ “

ဒီးမော့ဆိုမြို့ ၊ ရူးဖယ်ခူရပ်ကွက် မှာဆိုရင်လည်း ကယားလူမျိုးအများစု နေထိုင်ကြပြီး ရိုးရာ ကေထျိုးဘိုးပွဲကို နှစ်စဉ် ကျင်းပကြပါတယ်။ ဒီတစ်နှစ်မှာလည်း အကျဉ်းချုပ်သာ ကျင်းပကြပါတယ်။

ရူးဖယ်ခူရပ်ကွက် ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးပကူး ကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ရိုးရာမပပျောက်အောင် ပါဝင်ဆောင်ရွက်တယ်လို့ဆိုပါတယ်။

” ကျနောတို့ ဗုဒ္ဓဝင်တဲ့ လူတော့ ရိုးရာမပပျောက်အောင် ကျနောတို့က စိတ်ရင်းကိုယ်ပါ တတ်နိုင်သ၍ လူမျိုး မပပျောက်အောင် ရိုးရာပျောက်ရင် လူမျိုးပျောက်မှာ ကြောက်လို့ အဲ့လိုမျိုး ကျနောတို့စဉ်းစားတယ်။ တစ်ဖက်တစ်လမ်းကနေ အင်မတန်မှကို ဝန်နှစ်ဖက်ထမ်းရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ “

ကေထျိုးဘိုးပွဲကို တန်ခူးလနဲ့ ကဆုန်လတွေမှာ ပွဲကျင်းပလေ့ရှိပါတယ်။ လက်ရှိမှာတော့ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ပွဲကြီးမကျင်းပနိုင်ကြတော့တာပဲ ဖြစ်ပါတယ်။

spot_img

Recent posts