spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

နေရပ်ပြန်မရတဲ့ စစ်ဘေးရှောင်တွေ ဝင်ငွေရအောင် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ နေရပ်ပြန်လို့မရသေးတဲ့ စစ်ဘေးရှောင်တွေ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေ လုပ်ကိုင်ပြီး တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိအောင် ကူညီဆောင်ရွက်ပေးနေတယ်လို့ ကရင်နီလူမှုဖူလုံဖွံ့ဖြိုးရေးအဖွဲ့ (KSWDC) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စိုက်ပျိုးရေးတွေမှာ တောင်သူလယ်သမားတွေ အသုံးများကြတဲ့ သဘာဝမြေဩဇာ (ဘိုကာရှီ) ကို စာတွေ့၊ လက်တွေ့ သင်ကြားမှုတွေလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ အဓိက စစ်တပ်တွေ နေတဲ့ ကျေးရွာ လုံးဝ ‌နေအိမ်ပြန် တောင်ယာမလုပ်နိုင်တဲ့သူတွေ ပြီးတော့ အာဏာ မသိမ်းခင်က စုထားမိတဲ့ ဥပမာ – စပါးတွေ လုံးဝ ပြန်ယူလို့ မရတဲ့ နေရာတွေ၊ အဝတ်တစ်ထည် ကိုယ်တစ်ခု နဲ့ ပြေးလာတဲ့ ကျေးရွာ ဥပမာ – အခုသူတို့ ရောက်ရှိတဲ့နေရာလည်း သူများတောင်ယာတွေ ငှားလို့ အဆင်မ‌ပြေတဲ့ နေရာတွေပေါ့နော။ သူတို့ တစ်ဖက် တစ်လှမ်း ဝင်ငွေရအောင်ဆိုပြီး‌တော့မှ ကျနော်တို့ ဆောင်ရွက်ခဲ့တာပေါ့။” လို့ KSWDC ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်မှာ ၆လအတွင်း တစ်ကြိမ်နဲ့ ယခု၂၀၂၄ ခုနှစ် ၆လအတွင်း စစ်ရှောင်စခန်းတွေမှာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးမှာ သဘာဝမြေဩဇာ (ဘိုကာရှီ) ကို အသုံးပြုပြီး နေ့စဥ်စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဓာတုမပါပဲ သဘာဝအတိုင်း မှီဝဲစားသုံးနိုင်ကြဖို့ စာတွေ့အပြင် လက်တွေ့ပါ သင်ကြားမှုတွေ ပြုလုပ်ပေးခဲ့တာပါ။

မွေးမြူရေးပိုင်းမှာလည်း ခက်ခဲတဲ့ စစ်ရှောင်မိသားစုတွေအတွက် ဝက်အကောင်ရေ ၃၅ ကောင်ကို ပေးဝေခဲ့တာရှိပြီး စစ်ရှောင်စခန်း ၆ခုထဲက အာဟာရချို့တဲ့ တဲ့ ကလေးတွေအတွက် အာဟာရကျွေးမွေးတဲ့အစီအစဉ်လည်း ပြုလုပ်ပေးတယ်လို့ KSWDC ရဲ့တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

“အဲ့ဒီဟာကတော့ အာဟာရချို့တဲ့ တဲ့ ကလေးတွေကို ပိုပြီး ဦးစားပေးတာပေါ့နော်။ အထူးသဖြင့် လုံးဝ ဝင်ငွေမရှိတဲ့မိသားစုတွေ ၊ ကလေးများတဲ့ မိသားစုကို ပိုဦးစားပေး ပေးခဲ့တာတွေရှိတယ်။” လို့ သူကဆိုပါတယ်။

KSWDC အနေနဲ့ သဘာဝမြေဩဇာ နဲ့ စိုက်ပျိုးရေးလုပ်ကိုင်နိုင်ဖို့ကို အာဏာမသိမ်းခင်ကတည်းက ဆောင်ရွက်လာတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်းတွေမှာ ပိုမိုဆောင်ရွက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts