spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နှစ်သစ်ဆုတောင်း

Author

Date

Category

ဦးအယ်လ်ဖောင်းရှို ( ကယားပြည်နယ်ဝန်ကြီးချုပ်)

ဦးအယ်လ်ဖောင်းရှို ( ကယားပြည်နယ်ဝန်ကြီးချုပ်)

၂၀၂၀မှာ ကျတော်တို့ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျတော့်အနေနဲ့ ဆုတောင်းချင်တယ်။ နောက်ပြီးတော့ ကျတော်တို့ပြည်နယ်သူ ပြည်နယ်သားတွေအားလုံးဟာ ကျတော်နဲ့တစ်သွေးတည်း တစ်သားတည်း ဒီတိုးတက်မှုအရွေ့တစ်ခုကို ပူးပေါင်းဖော်ဆောင်ကြလိမ့်မယ်လို့ ကျတော်ယုံကြည်တယ်။ ဒီလိုပူးပေါင်းဖော်ဆောင်ခွင့်တွေကိုပေါ့နော ကျတော်နယ်ခံတိုင်းရင်းသားတစ်ယောက်ပီပီ ကျတော်အပြည့်အဝပေးထားပါတယ်။ အဲဒီနေရာမှာ ကျတော်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ဘူးလို့လည်း ကျတော်ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းမှာပေါ့နော အားသာချက်တွေ အားနည်းချက်တွေရှိကြပါတယ်။ ဒါပေမယ့် ကျတော်က ကျတော့်ရဲ့အားနည်းချက်တွေကို လျော့နည်းပပျောက်အောင် အမြဲကြိုးစားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ နိုင်ငံတည်ဆောက်တဲ့နေရာမှာ တစ်ဦးတစ်ယောက်ခေါင်းနဲ့မှ မရတာ ကျတော်တစ်ယောက်တည်းနဲ့လည်း စွမ်းဆောင်လို့မရပါဘူး။ ဒါကြောင့်မလို့ ကျတော်ချစ်ခင်လေးစားအပ်တဲ့ ကျတော်တို့ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးအနေနဲ့ပေါ့နော ကျတော်နဲ့အတူ ပြည်နယ်ရဲ့အရေး တိုင်းရင်းသားရဲ့အရေး ကျတော်တို့ရိုးရာယဉ်ကျေးမှု စာပေဓလေ့ထုံးတမ်းတွေကို အမြင်ကျယ်ကျယ်နဲ့ လက်ရှိတည်ဆဲမူဝါဒတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အနေအထားတွေကို ဝိုင်းဝန်းကြိုးပမ်းကြဖို့ ကျတော်အနေနဲ့တိုက်တွန်းအားပေးချင်ပါတယ်။

ဦးတင်မြင့် (ကယားပြည်နယ်လွှတ်တော်၊ ဒုဥက္ကဌ)

ဦးတင်မြင့် (ကယားပြည်နယ်လွှတ်တော်၊ ဒုဥက္ကဌ)

နှစ်သစ်ဆုတောင်းစကားကတော့ ဆရာတို့ မွေးဖွားကြီးပြင်းတဲ့ကယားပြည်နယ်ကြီးဟာ နှစ်သစ်မှာလည်း ပိုပြီးတော့ တိုးတက်ပြီး ကြွယ်ဝပါစေလို့ ဆုတောင်းပါတယ်။ နောက်ပြီးတော့ ပိုပြီးအေးချမ်းသာယာတဲ့ စနစ်ကြီးကို ချီတက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ လွှတ်တော်ဆိုတာ ဥပဒေပြုရေးမဏ္ဍိုင် အစိုးရကို ထိန်းကျောင်းရေးမဏ္ဍိုင် ဆရာတို့က ကိုယ့်ဘောင်ကနေ နိုင်သလောက် ထိန်းကျောင်းပေးပါတယ်။ ဆရာတို့က ကိုယ်ကျတဲ့တာဝန် ဆရာဆိုရင် ဒုဥက္ကဌတာဝန်ရှိတယ် ဆရာ့အပေါ်မှာ ဥက္ကဌရှိတယ် ဥက္ကဌကလည်း သူထမ်းဆောင်တဲ့တာဝန်ကို ထမ်းဆောင်တယ်။ ဥက္ကဌတာဝန်ပေးတဲ့ဟာကို ဒုက္ကဌအနေနဲ့လိုက်လုပ်ပေးရတဲ့ဟာရှိတယ်ပေါ့နော။ ဆရာတို့က အတတ်နိုင်ဆုံး ကယားပြည်နယ်အတွက် အစိုးရကို ထိန်းကျောင်းပေးမယ် ဥပဒေပြုရေးမဏ္ဍိုင်ကို ဖော်ဆောင်ပေးမယ်။ ဆရာတို့ကတော့ လမ်းကြောင်းမချော်ထွက်အောင် ကြိုးစားပြီးတော့ထိန်းကျောင်းပေးနေပါတယ်။

ကိုဒီးဒီ (ကရင်နီလူငယ်)

ကရင်နီတစ်မျိုးသားလုံးရဲ့ ကံကြမာက ကရင်နီအမျိုးသားတွေရဲ့ လက်ထဲမှာပဲပေါ့နော။ အဲမှာမှ သမိုင်းဖြတ်သန်းမှုအရ အတွေ့အကြုံအရဆိုရင်တော့ အထူးသဖြင့် လူငယ်တွေပေါ့နော လူလတ်တွေလက်ထဲမှာရှိပါတယ်။ဆိုတော့ ကိုယ့်ရဲ့ပြည်နယ် ဆက်လက်တည်တံ့ဖို့ ကိုယ့်အမျိုးသားဂုဏ်သိက္ခာဆက်လက်ရှင်သန်ချင်တယ်ဆိုရင်တော့ ကျတော်တို့ရပ်တည်ချက်မှန်ဖို့လိုတယ် ကိုယ့်အမျိုးကိုချစ်ဖို့လိုတယ် ကိုယ့်ပြည်နယ်သမိုင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။ ကျတော်တို့ နှစ် ၇၀ ပေါ့နော ဒီနိုင်ငံထဲမှာနေလာပြီ သင်ခန်းစာအမျိုးမျိုးရပြီပေါ့နော နိုင်ငံရေး၊ လူမျိုးရေး၊ စာပေယဉ်ကျေးမှု အကုန်လုံးသင်ခန်းစာရပြီဖြစ်တဲ့အတွက် ကိုယ့်ဟာကို ကိုယ်အားကိုးမှရမယ့် အနေအထားဖြစ်တယ်ပေါ့နော။ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်အောင် ကျတော်တို့ ဝိုင်းလုပ်ကြရမှာဖြစ်တယ်လို့ ကျတော်ပြောချင်ပါတယ်။

ဦးမော်ရယ် ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ်၏ပြောဆိုခွင့်ရပုဂ္ဂိုလ်)

ဦးမော်ရယ် ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ်၏ပြောဆိုခွင့်ရပုဂ္ဂိုလ်)

ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေ။ မကြာမှီအချိန်အတွင်းမှ ၂၀၂၀နှစ်သစ်ရောက်တော့မှာဖြစ်ပါတယ်။ ဆိုတော့ ၂၀၂၀မှာ ကျတော်တို့ ကယားပြည်နယ်မှာမှီတင်းနေထိုင်တဲ့ ကရင်နီမျိုးနွယ်စုအပြင် တခြားတိုင်းရင်းသား တိုင်းရင်းသူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ မိမိတို့ရဲ့ လိုရာလုပ်ငန်းတွေမှာ အဆင်ပြေကြပါစေ ချောမွေ့ကြပါစေ။ နိုင်ငံရေး၊ လူမှုရေးတွေမှာ နှလုံးစိတ်ဝမ်းဆန္ဒနဲ့ ဆုမွန်ကောင်းဦးစွာဆုတောင်းလိုက်ပါတယ်။ ကျတော်တို့ပါတီရဲ့ရည်မှန်းချက်ဟာ အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနှင့်အဓွန့်ရှည်တိုးတက်တည်တံ့ခိုင်မြဲရေးဖြစ်ပါတယ်။ဆိုတော့ နှစ်သစ်မှာ ကျတော်တို့တိုင်းရင်းသားအားလုံး လိုလားတောင့်တနေတဲ့ ဖယ်ဒရယ်နိုင်ငံတော်သစ်ကြီးဆီကို အတူတကွလက်တွဲပြီးတော့ ဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းရင်း နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

မူလားကော်ရက်တီ (ကယန်းအမျိုးသမီးအစည်းအရုံး(KYWO) အထွေထွေအတွင်းရေးမှူး)

မူလားကော်ရက်တီ (ကယန်းအမျိုးသမီးအစည်းအရုံး(KYWO) အထွေထွေအတွင်းရေးမှူး)

ဒီနှစ်သစ်ကူးမှာ အားလုံးပဲစိတ်သစ်လူသစ်နဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝတွေကို ကိုယ်စီပိုင်ဆိုင်နိုင်ပြီး ကျမတို့နိုင်ငံမှာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် ကျမတို့အမျိုးသမီးတို့တစ်ဦးချင်းမှာပေါ့ အမှန်တကယ်လိုချင်နေတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတွေကို အသစ်အသစ်သော ဒါမှမဟုတ် အပြုသဘောဆောင်သော ကိုယ်စီကြိုးပမ်းမှုတွေ အားလုံးတွေရဲ့ကြိုးပမ်းတွေနဲ့ပေါ့နော ကျမတို့လိုချင်တဲ့ ပိုမိုငြိမ်းချမ်းတဲ့လူမှုအသိုင်းအဝိုင်းကနေတဆင့်ပေါ့နော ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ဖို့ပေါ့နော ကျမအနေနဲ့ ဆုတောင်းပေးချင်ပါတယ်။

ဒုရဲမှူးကြီးသိန်းအောင် ( လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး)

ဒုရဲမှူးကြီးသိန်းအောင် ( လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး)

နှစ်သစ်ဆုတောင်းလေးကတော့ ကယားပြည်နယ်က နယ်မြေအနေအထားလေးကော ဖွဲ့စည်းပုံတွေကော နောက်ပြီးတော့ အာဆီယံမှာလည်း အသန့်ရှင်းဆုံး ပထမဆုရထားတယ်ဆိုတော့ ဒီကယားပြည်နယ်လေးရဲ့ နှစ်သစ်ကတော့ အခြားတိုင်းနဲ့ပြည်နယ်ထက်ပိုပြီးသော သာယာလှပပြီးတော့ ပျော်စရာကောင်းမှာပါ။ တရားဥပဒေစိုးမိုးရေးကတော့ ရဲတပ်ဖွဲ့အနေနဲ့ အချိန်နဲ့အညီ ဆောင်ရွက်နေကြတာပဲနော။ နှစ်သစ်ကူးပြီဆိုရင်လည်းပဲ လုံခြုံရေးတွေ တိုးမြှင့်ချတယ် သတင်းကျွတ်ပဲဖြစ်ဖြစ် နယ်မြေအေးချမ်းရေးတရားဥပဒေစိုးမိုးရေးအတွက်ကိုပေါ့နော အစွမ်းကုန် ရဲတပ်ဖွဲ့ကဆောင်ရွက်နေပါတယ်လို့။ ဒီကြားထဲ 199 Call Cemter လည်းဖွင့်ထားပြီဖြစ်တဲ့အတွက်ကြောင့် လိုအပ်လို့ရှိရင်တော့ 199 ကိုချက်ချင်းဆက်လို့ရပါတယ်လို့ အဆင်သင့်ပါပဲလု့ိ။

spot_img
spot_img

Recent posts