spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ပင်လောင်းမြို့နယ် သောင်မဲသင်းကျေးရွာနဲ့ လုံပျဉ်ကျေးရွာမှာ တောမီးကူးစက်လောင်ကျွမ်းရာကနေ နေအိမ် ၂၀ မီးလောင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် သောင်မဲသင်းကျေးရွာနဲ့ လုံပျဥ် ကျေးရွာမှာ ‌တောမီးကူးစက် လောင်ကျွမ်းရာကနေ နေအိမ် ၂၀ ကျော်ကို မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ တောမီးဟာ ဆောင်းပြောင်း နဲ့ နောင်ဝိုးကျေးရွာ အနီးတဝိုက်မှာ စတင်လောင်ကျွမ်းရာကနေ သောင်မဲသင်းကျေးရွာနဲ့ လုံပျဥ်ကျေးရွာဖက်ကို ကူးစက်လောင်ကျွမ်းလာတာလို့ PNDF-KKတပ်ရဲ့ ဒုခွဲမှူး တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“မီးတအားကူးစက်လွယ်တဲ့ နေရာတွေ ထရံအိမ်တို့ ပျဥ်ထောင်အိမ်တို့ တစ်ချို့တဝက်တော့ လောင်ကျွမ်းသွားတာ လေးရှိတယ်ပေါ့နော်။ တစ်ချို့အိမ်တွေကျတော့လည်း အုတ်အိမ်တွေပါ ပြိုကျပျက်စီးသွားတာ လေးတွေရှိတယ်ပေါ့နော်။” လို့ PNDF-KK တပ်ရဲ့ ဒုခွဲမှူး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တောမီးစလောင်တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တောမီးရှို့သူကို မသိရပေမဲ့ လက်ရှိ တောမီးလောင်တဲ့ နေရာ ဟာ စစ်ကောင်စီတွေနဲ့ ပအိုဝ့်ပြည်သူ့စစ်တွေ တပ်စွဲနေရာယူထားတယ်လို့ အဆိုပါ PNDF-KK တပ်ရဲ့ ဒုခွဲမှု တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ နေအိမ်ကူးစက်လောင်ကျွမ်းတဲ့ ကျေးရွာအတွင်းမှာတော့ လူထုတွေနေထိုင်မှုမရှိဘူးလို့ မြေပြင်ရဲဘော်တစ်ဦးက အခုလိုပြောပါတယ်။

“အခုနေအိမ်ကူးဆက်လောင်တဲ့ ကျေးရွာမှာတော့ လူထုတွေ နေထိုင်တာမရှိဘူး။ သောင်မဲသင်းက နေအိမ်က ၂၀၀ အထက် ၃၀၀ နီးပါးရှိမယ်။ လုံးပျဥ်ကတော့ ၁၀၀ အထက်တော့ရှိမယ်။”လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

သောင်မဲသင်းကျေးရွာမှာ နေအိမ် အလုံး ၂၀ ခန့်နဲ့ လုံပျဥ်ကျေးရွာမှာ နေအိမ် ၄လုံးခန့် မီးလောင်သွားခဲ့ကာ အဆိုပါ မီးလောင်ဖြစ်ပွားမှုကို PNDF-KK နဲ့ KNDF အပါအဝင် မဟာမိတ် တပ်ပေါင်းစုတွေက တောမီးငြိမ်းသတ်နိုင်ရေး ကူညီဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။

PNO/PNA တွေဟာ အဆိုပါ သောင်မဲသင်းကျေးရွာနဲ့ လုံပျဉ်ကျေးရွာ တို့ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးတွေ အသေခံဒရုန်းတွေနဲ့ နေ့စဉ်ပစ်ခတ်မှုတွေလုပ်နေတယ်လို့ PNDF-KK တပ်ဖွဲ့ကပြောပါတယ်။

spot_img
spot_img
spot_img

Recent posts