spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပါတီဆိုင်းဘုတ်ဖျက်ဆီးသူကို အမှုဖွင့်တိုင်ကြားမည်မဟုတ်ဟု KNP ပြော

Author

Date

Category

မော်မီမြာ

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ၊ ကယန်းအမျိုးသားပါတီ(KNP)တို့ရဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေဖျက်ဆီးသူကို သိရှိသော်လည်း အမှုဖွင့်တိုင်ကြားမည်မဟုတ်ဘူးလို့ ၎င်းမဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကယန်းအမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ခွန်းမြင့်နိုင်က ပြောပါတယ်။

“ ပထမတစ်ချက်ကတော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမယ့် ကျနော်စိတ်မကောင်းတာကို စိတ်မဆိုးဘူး ဘာဖြစ်လဲဆိုတော့ မသိတာတွေ နားမလည်တာတွေ အမြင်မတူတာတွေ တော့ရှိနိုင်ပါတယ်။ ကျနော်ကတော့ ဒီသဘောတရားကို နားလည်ခံယူထားပါတယ်။ ဒါကြောင့်မလို့ တရားစွဲဖို့ စိတ်ဓါတ်မျိုးလည်း မရှိပါဘူး။ ကျနော် စိတ်ရှည်သည်းခံပေးရမယ် သူတို့ နားမလည်တာကို နားလည်အောင်လုပ်မယ်။ ဒါကျနော့ရဲ့ ခံယူချက်ပါ။”

Photo – Khun Myint Naing Facebook

ကယားပြည်နယ် ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်း လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူရွာမှာ KySDPနဲ့ KNPပါတီဆိုင်းဘုတ်ကို ပြီးခဲ့တဲ့ သုံးရက်လောက်က ဖျက်ဆီးခံရပါတယ်။

ပါတီဆိုင်းဘုတ်ဖျက်ဆီးတဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဖျက်တာဖြစ်ဖြစ် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်တာမျိုးမဆောင်ရွက်ဘဲ နောက်နောင်မဖြစ်အောင်ဘဲ ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ဒီးမောဆိုမြို့နယ် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသာပါတီ ရုံးအဖွဲ့မှူး ခွန်သောမတ်စ် ကဆိုပါတယ်။

“ လုပ်တဲ့သူကလည်း ဘာရည်ရွယ်ချက်ပဲလုပ်လုပ်ပေါ့လေနော။ ဒါပေမယ့် ခံရတာက ကျနော်တို့ပါတီက ခံရတာဆိုတော့ ကျနော်တို့ စိတ်တော့မကောင်းဘူး ဒါပေမယ့် ကျနော်ထင်တယ် လုပ်တဲ့ပုဂ္ဂိုလ်က လည်းဒါ ရွေးကောက်ပွဲ ကော်မရှင် ရပ်ကျေးအဆင့်တွေမှာ ပါဝင်တဲ့လူတစ်ယောက် လို့လည်းကျနော်တို့ သိထားရတယ်။ အဲ့ဒီလူကိုယ်တိုင်လုပ်တယ်ဆိုတော့ ပိုပြီးတော့ စိတ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့် ကျနောတို့ပါတီရဲ့ စဉ်းစားချက်တွေအရ ကိုယ်စားလှယ်လောင်းတွေရဲ့ စဉ်းစားချက်တွေအရ ကျနော်တို့ ဘယ်သူ့ကိုမှ ရန်လိုရန်မျိုးနဲ့ တုံ့ပြန်မှာ မဟုတ်ဘူး ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ အားလုံးတော့ အေးအေးချမ်းချမ်းနဲ့ ပဲ ယှဉ် ပြိုင်မယ် လူထုတွေရဲ့ သဘောထားနဲ့ပဲ ကျနော်တို့ လာမယ့်ရွေးကောက်ပွဲကို ကျနော်တို့ ယှဉ်ပြိုင်သွားမှာ ဖြစ်တယ် ”

ဖျက်ဆီးတဲ့သူက ဆောင်ဒူရွာဘေးပတ်ဝန်းကျင် ရွာသားတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။
ဖျက်ဆီးခံရမှုနဲ့ ပါတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို အသိပေးအကြောင်းကြားထားပြီး၎င်းကိစ္စနှင့်ပတ်သက်လို့ အမှုဖွင့်တိုင်ကြားတာတွေတော့ ဆက်မလုပ်ဘူးလို့ ဒီးမောဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကံရွှေ ထံမှသိရပါတယ်။

“ သူတို့ဟာ သူတို့ဖြေရှင်းမှာတဲ့ အေးအေးဆေးဆေးပါပဲတဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်းဆိုတော့ ညီညီညွှတ်ညွှတ်နဲ့ပဲ အေးအေးဆေးဆေးဖြေရှင်းမယ်တဲ့ ” ဆိုပြီး ဦးကံရွှေက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၅ရက်နေ့မှာ ကယားပြည်နယ် ဘောလခဲမြို့နယ်မှာ ပါတီလေးခုရဲ့ ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒီးမောဆိုမြို့နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အမျိုးသားဒီမိုကရေစီအင်အားစု၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ စုစုပေါင်း ပါတီ ၁၀ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts