spot_imgspot_imgspot_imgspot_img
Monday, May 12, 2025
spot_imgspot_imgspot_imgspot_img

ပြည်နယ်သို့ မတ်လအတွင်း ပြည်ပမှပြန်လာသူ ဦးရေ ၄၇၄ ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ယခု မတ်လ အတွင်း ကယား (ကရင်နီ) ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသူ ဦးရေ ၄၇၄ ဦးရှိကြောင်း ကယားပြည်နယ် အစိုးရမှ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။

လက်တလောတွင် COVID 19 ကိုရိုနာဗိုင်းရပ် ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွတ်နေရာမှ နယ်စပ်ဝင်ပေါက် ပေါင်းစုံမှ ပြည်ပမှ ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသူများကို မတ်လ ၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ကောက်ခံထားခြင်း ဖြစ်သည်။

ယင်း ၄၇၄ ဦးထဲတွင် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူအများဆုံး ဖြစ်ပြီး ၄၂၈ ဦးရှိကာ စင်္ကာပူ၊ တရုတ်၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကန်၊ အိန္ဓိယ စသည့်နိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများ ပါဝင်သည်။

သက်ဆိုင်ရာ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှလည်း ယင်း (၄၇၄) ဦးကို လိုအပ်သည့် စစ်ဆေး ဆောင်ရွက်မှုများကို အမြန်ဆုံး လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မတ်လအတွင်း ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအနေဖြင့် ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသော စာရင်းတွင် ပါဝင်ခြင်းမရှိသေးပါက သက်ဆိုင်ရာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် ဆက်သွယ်ဆောင်ရွက်ပေးကြပါရန်နှင့် သတင်းပို့ ဆောင်ရွက်နိုင်ရေးအတွက် အများပြည်သူများမှ ပူးပေါင်း ပါဝင်ပေးကြပါရန် အသိပေးနှိုးဆော်ထားသည်။

ဓါတ်ပုံ – ဆြာချစ်
spot_img
spot_img
spot_img

Recent posts