spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖမ်းဆီးမိတဲ့ စစ်ကောင်စီလေယာဉ်မှူးတစ်ဦးကို ဥပဒေနဲ့အညီ IEC အရေးယူဆောင်ရွက်သွားမည်

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကနေ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီလေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“အဓိကကတော့ ဘာလုပ်ထုံးလုပ်နည်းနဲ့လဲဆိုရင်တော့ တရားရေးစီစစ် စစ်ဆေးမှု ပြီးတော့ တရားရေးနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်လည်း ပြောလို့မရတဲ့ဟာတွေရှိတယ်ပေါ့နော။ အချက်အလက်ကတော့ စုံစမ်းစစ်ဆေးပြီးသား ဖြစ်ပါတယ်ပေါ့။” လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အသက် ၄၂နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုး ဟာ ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃ ၊ တောင်ငူလေတပ် ကဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။

စစ်ကောင်စီရဲ့ K-8W အမျိုးအစား တိုက်လေယာဉ်တစ်စီးဟာ ကရင်နီ ပူးပေါင်းတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ကနေ လေထီးခုန်ကာ လွတ်မြောက်သွားတဲ့ စစ်ကောင်စီလေယာဉ်မှူး နှစ်ဦးအနက် တစ်ဦးကိုသာ ဖမ်းဆီးရမိထားတာပါ။ ကျန်တစ်ဦးမှာ တွဲဖက်လေယာဉ်မှူးဖြစ်တဲ့ ဗိုလ်ဇာနည်မောင် ဖြစ်ပြီး လွတ်မြောက်နေဆဲဖြစ်တာကြောင့် ဖမ်းမိရမိနိုင်ရေးအတွက် ရှာဖွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။

spot_img
spot_img