spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာ လူငယ်များ ခေါင်းဆောင်မှု စွမ်းရည်မြင့်မားလာစေရေးအတွက် သင်တန်းပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ပြန်လည်ထူထောင်ရေး ကဏ္ဍနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ အစီအမံတွေမှာ လူငယ်တွေ အင်အားများများနဲ့ ပါဝင်လာနိုင်ပြီး ခေါင်းဆောင်မှု စွမ်းရည်အပြည့်ရှိစေဖို့အတွက် (FLY) Free Leadership for youth ကနေ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာ တစ်ရွာမှာ ပြုလုပ်ပေးခဲ့ပါတယ်။

သင်တန်းကို ဩဂုတ်လ ၃၁ ရက်နေ့ နဲ့ စက်တင်ဘာလ ၁ ရက်နေ့ထိ နှစ်ရက်တာ ပြုလုပ်သွားခဲ့ပါတယ်။

“ကျနော်တို့ ကရင်နီပြည်မှာ ဆိုရင် ခေါင်းဆောင်မှု၊ ဦးစီးဦးဆောင်မှု အခန်းကဏ္ဍမှာ အရမ်းအရေးပါတယ်။ အရေးပါတဲ့ အတွက်ကြောင့်မို့လို့ ဒီခေါင်းဆောင်မှု တယောက် လုပ်နိုင်ဖို့ဆိုရင် (၁) ချက်က ခေါင်းဆောင်နဲ့ ပါတ်သက်တဲ့ အရည်ချင်းရှိဖို့လိုတယ်။ (၂) ချက်ကတော့ ဒီခေါင်းဆောင်မှု လုပ်တဲ့အခါ နိုင်ငံရေး၊ အုပ်ချုပ်ရေး အကြောင်းအရာတွေကို သိထားဖို့လိုအပ်တယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့ ခေါင်းဆောင်မှု အပြည့် ရှိမယ့် လူငယ်တယောက်၊ ဒီခေါင်းဆောင်ရမယ့် အရည်အချင်းတွေ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး သွားမယ့် ပုံစံသိဖို့ အတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကို ပြုလုပ်သွားခြင်းဖြစ်တယ်။”လို့ FLY ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ခူးငါးရယ်က ပြောပါတယ်။

သင်တန်းမှာ အဓိက လူငယ်နဲ့ ခေါင်းဆောင်မှု (youth leadership) အပိုင်းနဲ့ အစိုးရ (Government) အပိုင်းကို သင်ကြားဝေမျှခြင်းဖြစ်ပါတယ်။ ပို့ချတဲ့ခေါင်းစဉ်တွေကတော့ ခေါင်းဆောင်မှု (Leadership)၊ ပြုပြင်ပြောင်းလဲမှု(change)၊ ဆက်သွယ်ရေး (communication)၊ လှုံ့ဆော်မှု(motivation) စတဲ့ခေါင်းစဉ်တွေအပြင် လက်ရှိကြားကာလ IEC အကြောင်း၊ အသွင်ကူးပြောင်းကာလမှာ အုပ်ချုပ်ရမည့် အုပ်ချုပ်ရေး အကြောင်းများ၊ ဒီမိုကရေစီ ဖယ်ဒရယ် အကြောင်းအရာတွေဖြစ်ပါတယ်။

“၂ရက်တာ သင်တန်းမှာ ကျမဘာတွေရရှိလဲဆိုတော့ ခေါင်းဆောင်မှု နဲ့ ပါတ်သက်တာတွေရရှိတယ်။ ပြိးတော့ ဒီမိုကရေစီဆိုတာဘာလဲ ရရှိတယ်ပေါ့နော။” လို့ ၂ ရက်တာ သင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူတစ်ဦးက ပြောပါတယ်။

ရရှိလာတဲ့ သင်ခန်းစာတွေကို ကျေးရွာအတွင်းက လူကြီး၊ လူငယ်များတွေကို ပြန်လည်မျှဝေပေးဖို့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါသင်တန်းကို ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာ အုပ်စုအတွင်းက ကျေးရွာလူငယ်ကိုယ်စားလှယ်များ၊ စစ်ရှောင်စခန်းမှ လူငယ်များ လာရောက်တက်ရောက်ခဲ့ပါတယ်။ FLY အဖွဲ့ဟာ IEC လက်အောက်မှာရှိတဲ့အဖွဲ့ဖြစ်ပြီး ကရင်နီလူငယ်တွေနဲ့စုဖွဲ့ထားပါတယ်။ အခုလိုသင်တန်းကို ဒီးမော့ဆိုမြို့၊ လွိုင်ကော်၊ ဖရူဆို၊ မော်ချီး ၊ ဖယ်ခုံမြို့နယ်အတွင်းမှာ ၁၀ကြိမ်ခန့် ပြုလုပ်သွားပြီဖြစ်ပြီး သင်တန်းတက်ရောက်သူ ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts