spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း လန်းကောရွာ လေကြောင်းနဲ့ဗုံးကြဲခံရ၊ ထိခိုက်ပျက်စီးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်း အစွန်မှာရှိတဲ့ လန်းကောရွာကို ယနေ့( မေလ ၆ ရက်နေ့ ) မနက် ၄နာရီအချိန် လေကြောင်းနဲ့ ဗုံးကြဲခံခဲ့ရတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)ဖေ့ဘုတ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကတ်သလစ်ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားထိခိုက်မှုတချို့လည်း ရှိနေတယ်လို့သိရပြီး ကန္တာရဝတီတိုင်း(မ်)အနေနဲ့ အတိအကျအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

၂၀၂၃ခုနှစ် မေလ (၆)ရက် ဖယ်ခုံမြို့နယ်၊ လန်းကော ရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကတ်သလစ်ဘုရားကျောင်း။ ဓါတ်ပုံ – UKSY

လန်းကောကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမဟုတ်သလို ဒေသခံတွေနေထိုင်နေတဲ့ ကျေးရွာတစ်ရွာလည်းဖြစ်တယ်လို့ ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်း ကျေးရွာတစ်ခုရဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ အဲဒီရွာကျတော့ ခပ်လှမ်းလှမ်းကတော့ နှစ်ရွာရှိတယ် ပေါ့နော။ လန်းကောရွာသစ် ရွာဟောင်းရယ် နှစ်ရွာရှိတာပေါ့နော။ အခုက ဖြစ်ခဲ့တဲ့ရွာက ဒီကတ်သလစ်တွေနေတဲ့ရွာပေါ့နော။ ကတ်သလစ်တွေနေတဲ့ရွာမှာဖြစ်တယ်။ သူတို့က ဗုဒ္ဓ ရွာရယ် ကတ်သလစ်ရွာရယ် နှစ်ရွာရှိတယ်။ ဒါပေမယ့် သူတို့ရွာကတော့ နည်းနည်းခြားတယ်။ သူတို့ကတော့ အရင်က တိုက်ပွဲဖြစ်တယ်လို့တော့ ပြောသံ တခါး မကြားဖူးဘူးပေါ့နော။ တစ်ဖက်မှာ စစ်ကြောင်းတို့ဘာတို့ ထိုးဖူးတာ အဲဒီလိုမျိုးတော့ မရှိဘူးပေါ့နော။ အခုဖြစ်တာက မပြောတတ်ဘူး။ သူတို့ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ မပြောတတ်ဘူး။ ” လို့ သူက ပြောပါတယ်။

လန်းကောကျေးရွာနဲ့ ၈ မိုင်ခန့်ကွာဝေးတဲ့ လအိကျေးရွာမှာတော့ ယခင်က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်ခံရမှုတွေ ရှိခဲ့ပါတယ်။

ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသတွေမှာ ဧပြီလ တစ်လအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား တစ်ဦးသေဆုံး၊ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ရဲ့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်ပေါင်း ၂၀ကျော် ပျက်စီးခဲ့ပြီး ပြည်သူ့ဆေးရုံနဲ့ ကိုယ်ထူကိုယ်ထဆေးရုံ (၂)လုံး၊ ဆေးပေးခန်း (၂) ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီဖက်က ပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးပစ်ခတ်တာတွေ စတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ KNDFက ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts