spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံအင်းအရှေ့ဖက်ခြမ်းမှာ ဖြိုလဲထားတဲ့ မိုင်တဲတာဝိုင်တိုင်ကို ဖယ်ခုံ PDF မှ လက်နက်ထုတ်

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ကနေပြီး ဖယ်ခုံအင်းအရှေ့ဖက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ပိုင်ဖြစ်တဲ့ မိုင်တဲတာဝါတိုင်တွေကို ဖြိုလဲပြီး အဲ့ဒီတာဝါတိုင်ကနေ လက်နက်ပြန်လည်ထုတ်လုပ်ဖို့အတွက် အသုံးပြုတယ်လို့ ဖယ်ခုံ PDFတပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဖယ်ခုံအင်းအရှေ့ခြမ်းမှာတော့ မိုင်တဲတိုင်တွေကတော့ တစ်တိုင်မှ မကျန်တော့ဘူး။ ကုန်ပြီဗျ။ လက်နက်ထုတ်တာတော့ ကျနော်တို့လည်း သိပ်ပြီးတော့ ဟိုဟာ မဖြစ်တော့လေ ကျနော်တို့လည်း ကြေညာတာတွေ ထုတ်ပြန်တာတွေ သိပ်မလုပ်လို့လာ ဒီအတိုင်းပဲထားတာပေါ့။ အရင်တုန်းကတည်းက။ အခုတော့ လုပ်ထားတာတွေရှိတယ်ပေါ့ မိုင်တဲတိုင်နဲ့တော့။ အခုတော့ အဲ့ဒါနဲ့ အရင်နှစ်ကတည်းက ပစ်တာသုံးတာတွေတော့ ရှိပြီဗျ။ မိုင်တဲတိုင်က အခုက ဒီဖက်မှာတော့ လေးတိုင်၊ ငါးတိုင်တော့ အနည်းဆုံး ရှိလိမ့်မယ်ထင်တယ်။ ဒီဖက်မှာ ရှိသမျှတိုင်တွေ ဘာမှမကျန်တော့ဘူး မိုင်တဲတိုင်တော့။ “ လို့ ဖယ်ခုံ PDFတပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလို ကိုယ်တိုင် လက်နက်စမ်းသပ် ထုတ်လုပ်တာတွေကို ဖယ်ခုံ PDF စတည်ထောင်ကတည်းက ပြုလုပ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ မိုင်တဲတိုင်ရဲ့ အောက်ခြေတိုင်တွေကို ပြန်လည်အသုံးပြုပြီး ယမ်းတွေနဲ့ လက်နက်ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

“ ၇၇ မမ လောက်တော့ ရှိတယ်လို့ပြောတယ်။ မိုင်တဲအောက်ခြေတိုင်ရဲ့ ပတ်လည်ဆိုတော့ အဲ့လောက်ပဲ ရှိတယ်ဗျ။ ၇၇နဲ့ ၁၂၀ တချို့လည်း ပါတယ်။ “ လို့ သူက ဆက်ပြောပါတယ်။

ထုတ်လုပ်ထားတဲ့ လက်နက်တွေကို ရှေ့တန်းတိုက်ပွဲတွေမှာ လက်နက် အလုံး ၂၀၊ ၃၀ အထိ အသုံးပြုတာတွေလည်း ရှိနေပြီလို့ ဆိုပါတယ်။ လက်နက်ထုတ်လုပ်ရေးမှာလည်း တတ်သိပညာရှင်တွေဆီကနေ လက်လှမ်းမှီသလောက် လေ့လာပြီး ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။

“တကယ်လို့သာ အဲ့လိုမျိုးတွေ ထောက်ပံ့တာတွေသာ ရလာမယ်ဆိုလို့ရှိရင်တော့ ဒီထက်ပိုကောင်းတာ တဖြည်းဖြည်းတော့ မြင့်လာမယ်လို့တော့ ထင်တာပဲ။ အရင်တုန်းကတော့ ကျနော်တို့တွေ ထုတ်လိုက် တခါတလေကျတော့လည်း ပြောင်းတွေ ကွဲလိုက် ကုန်ကျစရိတ်ကလည်း တခါတလေ ကုန်တာတွေ ရှိတယ်လေ။ တကယ်လို့သာ ထောက်ပံ့ကူညီမှုတွေ များလာမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့လည်း ပိုပြီးတော့ လုပ်ရတာ အားရှိတာပေါ့။ “ လို့ ဖယ်ခုံ PDFတပ်ရင်း ၂ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

လက်နက် ထုတ်လုပ်ရေးအတွက်လည်း လုံလောက်တဲ့ ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဖယ်ခုံ PDFဟာဆိုရင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ တည်ထောင်တာတစ်နှစ် ပြည့်မြောက်ခဲ့ပြီး တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ – ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)။
ဓာတ်ပုံ – ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)။
ဓာတ်ပုံ – ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)။
ဓာတ်ပုံ – ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)။
ဓာတ်ပုံ – ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)။
spot_img
spot_img