spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံ-ပင်လောင်းနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင် ၃ထောင်ဝန်းကျင် ထပ်မံ တိမ်းရှောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံ-ပင်လောင်းမြို့ နယ်စပ်၊ ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင် ၃ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အသင်းဝင်တစ်ဦးက ပြောပါတယ်။

နယ်စပ်ကျေးရွာအနီးတစ်ဝိုက်မှာ မတ်လ ၇ ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နမ့်ဖာမူ၊ နောင်ဝိုး နဲ့ အနီးအနားက ကျေးရွာခံအပြင် စစ်ရှောင်တွေဟာ ထပ်မံ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

“ဖယ်ခုံကနေ နယ်စပ်ပြောင်းရတဲ့အဖွဲ့ ပင်လောင်းနဲ့ ဖယ်ခုံကြားမှာ စစ်ဘေးရှောင်ကြတယ်။ အဲ့မှာက လူဦးရေ ၂၊ ၃ထောင်လောက်ရှိတယ်။ အဲ့တော့ အဲ့မှာစစ်ကြောင်းထိုးတော့ အဲ့နယ်စပ်နီးနားက ကျေးရွာတွေက ထပ်ရှောင်ရတယ်ပေါ့နော်။ အဲ့မှာက လူဦးရေက ၅၊၆ထောင်လောက်ရှိသွားတယ်ပေါ့ စစ်ရှောင်တွေက အဲ့မှာနေတဲ့ စစ်ဘေးရှောင်တွေက” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အသင်းဝင်တစ်ဦးက ဆိုပါတယ်။

ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ မြို့တွေဖြစ်တဲ့ ညောင်ရွှေ၊ တောင်ကြီးမြို့မှာ သွားရောက်တိမ်းရှောင်သူရှိသလို ဖယ်ခုံအနောက်ဘက်ခြမ်းမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာ ရှိနှင့်ပြီးသား စစ်ရှောင်တွေဟာ စားနပ်ရိက္ခာလိုအပ်ချက်ရှိနေဆဲဖြစ်ပြီး စစ်ရှောင်ဦးရေ ထပ်မံတိုးလာတာကြောင့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်ချက်များနေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အသင်းဝင်တစ်ဦးက ဆက်ပြောပါတယ်။

“စစ်ကြောင်းထိုးလာလို့ ရုတ်တရက်ထွက်ပြေးလာတော့ လိုအပ်ချက်တွေက အမျိုးမျိုးရှိတယ်ပေါ့။ အမြဲတမ်းကြုံရသလိုပဲ စားနပ်ရိက္ခာပိုင်းတို့ အဝတ်အထည်တို့ စောင်တို့ စသဖြင့်ပေါ့နော်။ အဲ့ဟာတွေ လိုအပ်နေတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖယ်ခုံမြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့နေ ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ တိမ်းရှောင်တဲ့ နေရာမှာလည်း တိုက်ပွဲထပ်မံဖြစ်ပွားတာကြောင့် ထပ်ဆင့် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။ လတ်တလောမှာလည်း ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတာကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဖယ်ခုံမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့မှု ၂ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဟာ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ မတ်လ ၁၀ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts